[ Zawgyi ]
'ဟျောင့်! မင်းဘာအချိုးချိုးတာလဲ!! ၀ဏ '
' ဘာကွ!! '
' ကြွေနဲ့ ရိုးက သူငယ်ချင်းမှန်းမင်းသိတယ်မလား '
' အင်း သိတယ် လောင်းကြေးလောင်းစားလုပ်ပြီးမှသိတာ '
' မင်းငါ့ကို ဘာလို့ဘာမှမပြောခဲ့တာလဲ!!! '
' အဲ့တာက ကျစ် ဟုတ်တယ် ငါ့အမှား ပြီးတော့မင်းကို ဒီလိုမနေစေချင်တော့လို့ မပြောတာ '
' ငါက ဘာတွေဖြစ်နေလို့လဲ '
' မင်းအကြောင်း မင်းမသိတာလား သျှင်း '
' ..... '
' မင်းကြွေ့ကို မမေ့နိုင်သေးဘဲ အရူးလိုနေနေတာလေ မဟုတ်လို့လား '
' မဟုတ်ဘူး '
' ဟက် အင်း မဟုတ်ဘူး သျှင်းဆိုတဲ့မင်းကလေ ကြွေဆိုတဲ့ မိန်းကလေးတစ်ယောက်အတွက် ဒီလိုဖြစ်နေတာကို ငါလည်းမကြည့်ရက်ဘူး '
' ..... '
'သူ မင်းနဲ့ လမ်းခွဲတုန်းကအပြတ်ပြောပြီးသားလေ သူမင်းကို သူငဟ်ချင်းထက်မပိုဘူးတဲ့ '
' မဟုတ်ဘူး '
' မင်းလက်ခံသင့်ပြီ သျှင်း မင်းကိုယ်မင်းဆက်ပြီးညာနေရင် မင်းအတွက်မကောင်းဘူး '
' ငါကြွေ့ကို လုံးဝမမေ့နိုင်ဘူး မေ့လည်းမမေ့ချင်ခဲ့သလို မေ့ပစ်ဖို့တခါမှလည်း မစဉ်းစားခဲ့ဘူး '
' သျှင်း မင်းလက်ခံ..'
' တော်လိုက် ၀ဏ!!!
မင်းတော်လိုက်တော့ မင်းဆက်ပြောနေရင် ငါတို့ထပ်မတွေ့ဘဲနေတာပေါ့ 'ဒုန်းးးး
ဝဏရှိရာ ကွန်ဒိုဆီ ကို မပြောမဆိုရောက်ချလာပြီး ရူးရူးနမ်းနမ်းနဲ့ စိတ်မထိန်းနိုင်သော သူငယ်ချင်းမှာ အလွန်ရူးသွပ်တဲ့ နှလုံးသားရှိသူတစ်ယောက်ဖြစ်မှန်း ယခုမှသိရတော့သည်။ထို့အတူ တပြိုင်နက်သူ၏ရွေးချယ်မှုမှာလည်း မှန်ကန်နေခဲ့သည်။' မင်းကို ကောင်းစေချင်လို့ ဒီလိုတွေစီစဉ်ခဲ့တာ သျှင်း '
~~~~
ပန်းရနံ့မျိုးစုံမွှေးပျံနေတဲ့ ပန်းဆိုင်အတွင်း ကော်ဖီခွက်ကို ကိုင်ကာ မှန်ဘေးတံခါးအနီး၌ ထိုင်နေသူမှာ လွန်ခဲ့တဲ့နှစ်တွေကလို မပြောင်းလဲ။
BẠN ĐANG ĐỌC
မာနတွေဖြင့် စတင်ခဲ့သော
Lãng mạnမေးခွန်း_ လူတွေရဲ့ အသဲကို ကိရိယာတွေမပါဘဲ ခွဲနိုင်လား? သျှင်း- ထမင်းစားရေသောက်ဘဲ ရိုး -အရမ်းလွယ်လွန်းတယ် မာနတွေ ၀န်းရံထားတဲ့ သူတို့နှစ်ယောက်ရဲ့ ဘ၀ထဲ အချစ်စစ်ဆိုတာ ၀င်ရောက်နိုင်ပါ့မလား? မီ့ရဲ့ ဒုတိယမြောက်ဖြစ်တဲ့ ဒီficကို အားပေးကြပါဦး ဝေဖန်ပေးကြပါဥ...