[ Zawgyi ]
မကြည်လင်သော စိတ်ဖြင့် နှိုးထလာခဲ့သော ရိုး။
ကုတင်ပေါ်မှာ ထထိုင်လိုက်ပြီး မနေ့က အကြောင်းတွေ ပြန်တွေးကြည့်ရင်း နှုတ်ခမ်းဖျားက ကော့တက်သွားသည်။ဟုတ်တယ် သူမနေ့က ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်နဲ့ နမ်းခဲ့သည်။
ဖျော့တော့တော့ မီးရောင်အောက်မှာ တွေ့ရသော ထိုလူ၏ ချောမောမှုသည် ဘာနှင့်မျှနှိုင်းယှဉ်၍ မရနိုင်သလိုပင်။
ထူထဲ နက်မှောင်လှတဲ့ စိမ်းဖန့်ဖန့် မျက်ခုံးတွေအောက် လှပတဲ့ မျက်ဝန်းတစ်စုံ။
မထူမပါး ပန်းရောင်သန်းပြီးနူးညံ့နေသော နှုတ်ခမ်းသား။ထိုလူက ဘယ်သူများပါလိမ့်..?
မနေ့က ရိုးသူငယ်ချင်းဖြစ်သူ ရွက်ကြွေ၏ နိုင်ငံခြားမှ ပြန်လာပြီဟူသောသတင်းနှင့် ဆိုင်မှာ တွေ့ရအောင်ဟု ချိန်းသဖြင့် မဖြစ်မနေမို့သွားခဲ့ရသည်။
ဟိုရောက်လို့ ဆိုင်ကိုကြည့်တော့ ဖျော်ရည်ဆိုင်ဖြစ်သည်။ ဖျော်ရည်မှာ အစုံရသဖြင့် သူငယ်ချင်း၏ မြှောက်ပင့်မှုကြောင့် ရိုးကော့တေး ၃မျိုးသောက်ခဲ့ရသည်။သောက်တုန်းက ဘာမှမဖြစ်ပေမဲ့ သောက်ပြီးနာရီဝက်ကြမှသာ ရိုးခေါင်းတွေမူးပြီး ရီဝေေ၀ဖြစ်လာသည်။
ရွက်ကြွေမှာလည်းအလုပ်က ဖုန်းဆက်သည်ဖြစ်၍ အပြင်ထွက်ကာ စကားပြောလေသည်။
အချိန်မှာ ည၆နာရီပင် ရှိနေလေပြီမို့ မှောင်တေးတေး ရှိလှသည်။ရိုးထိုင်နေရာမှ အပြင်ဘက်ကို လှမ်းကြည့်လိုက်လျှင် စည်ကား လှသော လူသွားစင်္ကြလေးရှိသည်။ဤ ဆိုင်သည် လမ်းဆုံထောင့်မှ ဖြစ်သဖြင့် တဖက်တွင် စည်ကားနေသော လမ်းမကြီးပင်။
ရိုးခေါင်းတွေမူးလာပြီး အမူးပြေစေရန် စင်္ကြဘက်ရှိ တံခါးကို တွန်းဖွင့်ကာ ပြင်ပရှိလေတွေကို တစ်ဝရှူလိုက်သည်။တအောင့်ကြာပြီး ပြန်အ၀င် တံခါးကိုဆွဲဖွင့်လိုက်လျှင် အထဲမှ ထွက်လာသော လူတစ်ယောက်နဲ့ တိုက်မိလေသည်။
ရိုးသည် မူးနေသောအရှိန်နှင့် တိုက်မိသော အရှိန်ပေါင်း၍ လဲကျပြီး တော်တော်နဲ့ ပြန်မထနိုင်ဘဲ ထိုင်နေမိသည်။
VOCÊ ESTÁ LENDO
မာနတွေဖြင့် စတင်ခဲ့သော
Romanceမေးခွန်း_ လူတွေရဲ့ အသဲကို ကိရိယာတွေမပါဘဲ ခွဲနိုင်လား? သျှင်း- ထမင်းစားရေသောက်ဘဲ ရိုး -အရမ်းလွယ်လွန်းတယ် မာနတွေ ၀န်းရံထားတဲ့ သူတို့နှစ်ယောက်ရဲ့ ဘ၀ထဲ အချစ်စစ်ဆိုတာ ၀င်ရောက်နိုင်ပါ့မလား? မီ့ရဲ့ ဒုတိယမြောက်ဖြစ်တဲ့ ဒီficကို အားပေးကြပါဦး ဝေဖန်ပေးကြပါဥ...