not fic

1.5K 39 3
                                    

ပြောစရာလေး ရှိလို့ပါ။
လူတွေမှာကအကြောက်တရားဆိုတာရှိစမြဲပါ။
လူပေါ်မူတည်ပြီး ဘာကြောက်လဲဆိုတာသာ ကွဲသွားတာပါ။ဘာလို့ ဒီလိုပြောလဲဆို ရိုးကိုကြီးကျယ်လိုက်တာ၊ လျှောက်ရွံလျှောက်ကြောက်နေတယ်လို့ ပြောမှာစိုးလို့ပါ။

မီဆိုရင် lizardကိုအတော်ကြောက်ပါတယ် စာလုံးပေါင်းမြင်ရင်လည်း အဲ့အကောင်ကိုပြန်တွေးမိပြီးတောင် ကြောက်ပါတယ်
အသေဖြစ်စေ ၊ အရှင်ဖြစ်စေ  ကြီးကြီးသေးသေးက အစအလွန်မုန်း အလွန်ရွံပါတယ် အဲ့လိုဘဲရှိသမျှ ရေပေါ်မြေပေါ်မှာရှိတဲ့ တွားသွားတွေကအစအစုံကြောက်တယ်

ပြီးတော့လေ မီ့မှာလေ လူတွေသိပ်မသိတဲ့ ကြောက်တဲ့အရာ တစ်ခုရှိပါသေးတယ် အဲ့တာကတော့ ထမင်းလုံးပါ  ဟုတ်ပါတယ် ဒါက မြန်မာနိုင်ငံမှာဆိုရင် အလွန်နဲ့ နဲနဲ ထူးခြားပြီး မယုံနိုင်ဖြစ်နိုင်ပါလိမ့်မယ်။

မီ့ကို အမေပြောတာကတော့ အာဟာရမှုန့်ကျွေးရင်းကနေ ထမင်းပြောင်းကျွေးလို့မရတာတဲ့။
အဲ့တာကနေ အခုထိ မီထမင်းဖြူဆို မစားပါဘူး
ဆန်ပြုတ်ဆိုလည်း အစေ့အဆန်မရှိအောင် ပျစ်နေမှ၊ ထမင်းဆိုလည်းအရောင်ပါမှ အဲ့လိုမှမဟုတ်ဘဲ မီ့ဆီထမင်းဖြူယူလာပေးရင် မီအရမ်းကြောက်တယ် မီအခုထိ ထမင်းဖြူကို လက်နဲ့မထိဖူးပါဘူးထိလိုက်ရင် ကြက်သီးညင်းတွေ ထလာတဲ့အထိ တုန်သွားပါတယ်

အဲ့တာကြောင့် မီ့ကို ဘာစားလဲ လို့မေးတဲ့လူတွေမှ အများကြီးပါ။အဲ့တာကြောင့် မီဘယ်သူ့ကိုမှ ဘာမှမပြောတော့တာပါ ငယ်ငယ်ကဆို ငါက အရမ်းထူးဆန်းနေတယ်လို့ တွေးမိနေတတ်တယ်  အခုတော့ ကိုယ့်ကိုကိုယ် လည်း လက်ခံနိုင်ပြီဖြစ်နေပြီမို့ ဒါက မီ့အတွက်တော့ သဘာဝလိုဘဲ ထူးဆန်းနေတဲ့ဟာမဟုတ်ဘူးလို့ ထင်တယ်

အဲ့ဒီတော့ မီပြောချင်တာကလေ အကြောက်တရားမရှိတဲ့လူဆိုပြီးမရှိပါဘူး ကြောက်ချင်တာကိုသာ တွေးပြီးကြောက်နေတာ အဲ့ကြောက်နေတာကိုဖျောက်ဖို့ကလည်း အရမ်းခက်ပါတယ်

အဲ့တာကြောင့် ရိုးကို အမြင်တွေလွဲနေမှာစိုးလို့ လာပြောပြတာပါ ဟုတ်ကဲ့  ဖတ်ပေးတဲ့သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ် ဆက်လက်ကြိုးစားပါဦးမယ် အားပေးကြပါအုံး

မာနတွေဖြင့်  စတင်ခဲ့သောWhere stories live. Discover now