အပိုင်း ၇

2.4K 100 0
                                    

[ Zawgyi  ]

မနက်သို့ရောက်သော်  ရိုးသည် သူ၏လုပ်စဉ်လုပ်ငန်းအတိုင်းသာ ရေမိုးချိုးပြီး ကျောင်းသို့သွားရန်ပြင်ဆင်လေသည်။

ကျောင်းသွားရန် ကားပေါ်မှအတက် အိတ်ထဲရှိ ဖုန်းလေးမှာမြည်လာလေသည်။ အိတ်မှထုတ်ပြီး ဖုန်းကို ကိုင်ရာ

' ဟယ်လို  ပြော '

'မနေ့က စုံစမ်းခိုင်းထားတဲ့ လူရဲ့အကြောင်းပါ  သူ့နာမည်က ဦးစေနိုင်အောင် ပါ အသက်က ၃၂ပါ သူကစေဆိုတဲ့ ကုန်တိုက်နဲ့ ဘားကိုလည်း ပိုင်ပါတယ်  ပြီးတော့ သူ့ကြည့်ရတာငွေမဲလည်း သုံးနေတဲ့ပုံပါဘဲ သူကသာမာန်ဆရာမတစ်ယောက်ရဲ့သားပါ လွန်ခဲ့တဲ့ ၁၀နှစ်က ဆုံးသွားပါတယ် အဖေကတော့မရှိပါဘူး ပြီးတော့သူကမမလေးတို့ကျောင်းကဘဲ ဘွဲ့ရလာတာ'

'....!! '

' သူက အကိုကြီးတို့နဲ့လည်း သိတယ်'

'ဖေဖေနဲ့လား '

'ဟုတ်ကဲ့ '

' အင်း ဖေဖေ့ကိုပြန်မပြောနဲ့ ငွေပို့လိုက်တာ ရတယ်မလား'

' ဟုတ်ကဲ့  စိတ်ချပါ '

'အင်း '

ငါတို့ကျောင်းက ထွက်တာတဲ့လား ?
ဟက်...စိတ်ဝင်စားစရာကောင်းသွားပြီ

ကားလေးမှာ ဖြေးဖြေးမှန်မှန်ဖြင့် ကျောင်းဆီသို့...။

အ့..

ကားပါကင်သို့ ထိုးရပ်လိုက်ပြီး ရိုးသည် ကားပေါ်မှအဆင်းတစ်စုံတစ်ယောက်ရဲ့ စောင့်တွန်းခြင်းခံလိုက်ရသည်။

' ဘာလုပ်တာလဲ?!!'

ရိုးသည် ဒေါသသံဖြင့် အော်လိုက်သည်ကို ရှေ့က မိန်းကလေးမှာ နှုတ်ခမ်းမဲ့ ၍

'အခုမှ မသိသလို လာလုပ်ပြမနေနဲ့ အမရာရိုး
နင့်လို ကဝေမမျိုးကို ဘယ်သူမှမယုံဘူး '

'ဘာ!! '

' ဟက်..အနာထိလို့စပ်သွားတဲ့ ပုံဘဲနော် '

မထိတထိ စကားတွေကို လာပြောကာ ရန်စနေသူကို ရိုးသည် မခန့်လေးစားအပြုံးတွေဖြင့်

'ဟက်...ပြောပါဦး  နင်က ငါ့ရဲ့ ဘယ်နှစ်ယောက်မြောက်exရဲ့ ချစ်သူလဲ  အော် ငါ့ကိုနာမည်ဘဲမပြောနဲ့ မမှတ်မိလို့ '

မာနတွေဖြင့်  စတင်ခဲ့သောDonde viven las historias. Descúbrelo ahora