အပိုင်း ၁၄

2.2K 84 2
                                    

[ Zawgyi ]

ကျွတ်စ် ကျွတ်စ်..

သျှင်းရဲ့ ခေါင်းမှာ အသားကုန်ထိုးဆောင့်ကာ နာသည်။
မနေ့က မူးနေလို့သာ မမှတ်မိတာ ခုံနဲ့နှာဖူးက မိတ်ဆက်တာမှအကြိမ်ကြိမ်။သျှင်း နားထင်ဖိကာ နှိပ်နေတုန်း မီးဖိုချောင် ဘက်ကနေ

' ဟျောင့် သားကြီး နိုးရင် မျက်နှာသွားသစ် ပြီးရင် ငါဝယ်လာတာတွေလာစား '

သျှင်း ရူးချင်သွားပြီး မနေ့က မှတ်ဉာဏ်တွေကို ပြန်တွေးယူနေရသည်။ကိုယ်က သူ့အိမ်ကို ဘယ်လိုလုပ်..? မဖြစ်နိုင်ပါဘူး ဒီကောင့်ကို စိတ်ဆိုးပြီး ဖုန်းဆက်ရင်တောင် မကိုင်ဘဲ နေနေတာကို ..!

တကယ်တော့ မနေ့က သျှင်းလရိပ်မှာ ဦးကောင်းတမန်နဲ့ ဟိုပြောဒီပြောနဲ့ အလုပ်ခွင်ဝင်ရန်လက်ခံပြီးသည်နှင့် နောက်ဆုံး ဘူတာဖြစ်သော အချေအတင်သာ ဖြစ်ခဲ့သည်။အဲ့သလိုနဲ့ဘဲ ဝဏအိမ်သို့ရောက်လာခဲ့ရသည်။

ရောက်တုန်းကတော့ ၀ဏမရှိလို့ ဆိုပြီး သူ့ကွန်ဒိုက အရက်တွေကို ထုတ်ကာသောက်နေလိုက်ပြီး မနေ့ကရေချိန်အနဲငယ်လွန်သွားသည်။

တဖြည်းဖြည်းပြန်မှတ်မိလာသည်နှင့် သျှင်းမှာလည်း ထမင်းစားဝိုင်းတွင် ထိုင်ပြီးဖြစ်သည်။

' မစားဘဲ ဘာငိုင်နေတာလဲ '

'.....'

'ဟက်...အခုမှ လာပြီး စိတ်ဆိုးစ်တ်ကောက်မနေနဲ့  မနေ့တုန်းက ငါ့အရက်တွေခိုးသောက်တုန်းကဒီအခွက်မဟုတ်ဘူး'

' မင်း!!!'

' မြန်မြန်စား  စားပြီးရင် ငါနဲ့လိုက်ခဲ့ '

'ဘာလ်ု့ လိုက်ရမှာလဲ '

' မင်းဘဲ ရိုးကို ချစ်တယ်ဆို '

'......'

' ငါပြောပြီးသွားပြီလေ  မင်းကို ကူညီပေးမယ်လို့ '

' ဘယ်လိုကူညီပေးမှာလဲ '

' ငါ့နောက်လိုက်ခဲ့ရင် သိရမှာပေါ့  အခုတော့ စားလိုက်ဦး'

' အင်း '

သျှင်းလည်း အပိုစကားတွေမဆိုတော့ဘဲ ဝဏ၀ယ်လာပေးတဲ့ နေ့လည်စာကိုသာ ငြိမ်ငြိမ်ထိုင်စားလိုက်သည်။

မာနတွေဖြင့်  စတင်ခဲ့သောDonde viven las historias. Descúbrelo ahora