[ Zawgyi ]
အဆောက်အအုံတစ်ခုထဲသို့ ၀င်သွားလျှင် အစားအသောက်လှူမွေးခြင်းကို ဦးစွာတွေ့ရသည်။
ထို့နောက် ပန်းခွေတွေ ပြည့်နေသော အခန်းဆီသို့ တည့်တည့်လျှောက်သွားလိုက်လျှင် ရုပ်အလောင်းရှေ့၌ ထိုင်ကာငိုနေကြသော အမေကြီးတစ်ယောက်နှင့် ၁၅နှစ်အရွယ်ကောင်လေးမှာ ညိုးငယ်စွာဖြင့်။
ရိုးကို တွေ့သည်နှင့်အမေကြီး မှာ ထိုင်နေရာကနေထလာသည်။
'သမီး ဘယ်လိုလုပ်ရောက်လာတာလဲ '
' ရိုး ဆန်းညိုကို လာနှုတ်ဆက်တာပါ အန်တီ'
' အေးကွယ် မင်းသူငယ်ချင်းကလေ အန်တီတို့ကို ထားသွားပြီ '
မျက်ရည်တွေက စီးဆင်းနေပြီး ရိုက်သံငိုသံဖြင့် ပြောသူကိုကြည့်ရင်း ရိုးလည်း ၀မ်းနည်းမိသည်။
သားရဲ့ ၇နှစ်လုံး တဖက်သတ်ကြိုက်နေခဲ့သူ သားရှေ့ရောက်လာတာတောင် သားဖြစ်သူမှာ ထလာပြီးပြုံးဖို့ရန်အတွက် သားမှာ ဟိုးအဝေးကြီးမှာရှိတဲ့ ဖအေရှိရာ တစ်ပါးဘ၀သို့ ကူးပြောင်းသွားလေပြီလေ။
'အန်တီ မငိုပါနဲ့တော့ အန်တီ ဘာစားပြီးပြီလဲ '
' မေမေ မနက်ကတည်းက ဘာမှမစားရသေးဘူးမမ '
ဆန်းမူက ကြားဖြတ်ပြောလေတော့
' အန်တီဘာလို့မစားတာာလဲတစ်ခုခုစားဦးမှပေါ့ '
'အန်တီလေ သားကြီးကိုသနားလွန်းလို့ '
' အဲ့ညက သူပြောတယ် ပြန်လာရင် မေမေ့အတွက်မုန့်ဝယ်ခဲ့မယ်ဆိုပြီးတော့ သားး ဟင့် သားးကလေ ဟင့်'
'အန်တီစိတ်ကို ခိုင်ခိုင်ထားဦးမှပေါ့ ဆန်းမူရှိသေးတယ်လေ '
ရှိုက်ကာငိုနေသော အန်တီအား ရိုးပွေ့ဖက်ကာ နှစ်သိမ့်မိသည်။
' အင်း '
' တစ်ခုခု သွားစားရအောင်မေမေ '
' သားရောဘာစားပြီးပြီလဲ သားငယ် '
' ကျွန်တော်အမေ့ကို စောင့်နေတာ '
'အမေ့သားလေးဗိုက်ဆာနေလောက်ရောပေါ့ '
ВЫ ЧИТАЕТЕ
မာနတွေဖြင့် စတင်ခဲ့သော
Любовные романыမေးခွန်း_ လူတွေရဲ့ အသဲကို ကိရိယာတွေမပါဘဲ ခွဲနိုင်လား? သျှင်း- ထမင်းစားရေသောက်ဘဲ ရိုး -အရမ်းလွယ်လွန်းတယ် မာနတွေ ၀န်းရံထားတဲ့ သူတို့နှစ်ယောက်ရဲ့ ဘ၀ထဲ အချစ်စစ်ဆိုတာ ၀င်ရောက်နိုင်ပါ့မလား? မီ့ရဲ့ ဒုတိယမြောက်ဖြစ်တဲ့ ဒီficကို အားပေးကြပါဦး ဝေဖန်ပေးကြပါဥ...