[ Zawgyi ]
ရိုး စေဖုန်းထဲရှိ ဖိုင်တွေကို ရှာနေတုန်းမှာဘဲ အနောက်မှ ကျွတ်..ကျွတ်..ကျွတ်ဆိုသည့် အသံများကိုတိုးတိုးလေး ကြားရသည်။
ဆိုဖာနောက်တွင် မှန်တံခါးသာ ရှိသောကြောင့် ရိုးနောက်မလှည့်ကြည့်ဖြစ်။ကြာလာသည်နှင့် အမျှအသံမှာ ကျယ်လာသဖြင့် ရိုးနောက်လှည့်ကြည့်လိုက်တော့ ဆိုဖာနောက်ရှိ ပြတင်းပေါက်မှန်ဘောင်မှ အနက်ရောင် အမွေးထူကြောင်မှာ ရိုးပေါ်သို့ ခုန်အုပ်လာသည်။
' အား!!!'
ရိုးလည်း ကြောက်ကြောက်ဖြင့် အော်ပစ်လိုက်သဖြင့် စေမှာ အခန်းထဲကနေ အလျင်စလို ထွက်လာသည်။
' ရိုး!! ဘာဖြစ်လို့လဲ '
' စပ်တယ် အား'
' ဟင်!'
စေ သချာကြည့်တော့မှ ရိုးရဲ့ လက်မောင်းတွင် ခြစ်ရာသုံကြောင်းမှာ သိသာနေသလို သွေးတွေပင် စီးကျနေသည်။
ကြောင်လှမ်းခုန်တော့ ရိုးလည်း လန့်လန့်ဖြင့်လက်နှင့် ကာလိုက်မိတော့ ကြောင်ရဲ့ လက်သည်းမှာ လက်ပြတ်အင်္ကျီဝတ်ထားသော ရိုးရဲ့ ပုခုံးသားကနေလက်မောင်းထိ စီးခြစ်မိသွားသည်။အတော်နက်မည် ။
' ရိုး အရမ်းနာနေလား ခန ကိုယ်ဆေးဘူး သွားယူပေးမယ်နော်'
ငိုနေသော ရိုးမှာလည်း အသံကိုသာ အော်ငိုစေကာ လက်က ရှာဖွေထားသော စေရဲ့ဖုန်းကို ပြန်လည်သိမ်းဆည်းရသည်။
စေ ပြန်လာတော့ မျက်ရည်အလဲသားနဲ့ ငိုနေသောရိုးကိုတွေ့သဖြင့် အနဲငယ်တော့ စိတ်မကောင်းဖြစ်သွားသည်။
' ရိုး ကိုယ်တောင်းပန်ပါတယ် မင်းကို ကြိုပြောပြထားသင့်တာ '
'ဘာကိုလဲ ဟင့်..အား စပ်တယ် '
အရက်ပြန်ဖြင့် သုတ်ပေးတော့ ပို၍ပင် ငိုလာသော ရိုးကြောင့် စေ လေ မှုတ်ပေးကာ
' ဟူးး အဲ့တာ ကိုယ့်ရဲ့ ကြောင်ပါ ဟူး စပ်သေးလား'
' အင်း နဲနဲ '
' အဲ့တာကိုယ့်ရဲ့ နိုင်ငံခြားက သူငယ်ချင်းပေးလိုက်တာလေ'
ESTÁS LEYENDO
မာနတွေဖြင့် စတင်ခဲ့သော
Romanceမေးခွန်း_ လူတွေရဲ့ အသဲကို ကိရိယာတွေမပါဘဲ ခွဲနိုင်လား? သျှင်း- ထမင်းစားရေသောက်ဘဲ ရိုး -အရမ်းလွယ်လွန်းတယ် မာနတွေ ၀န်းရံထားတဲ့ သူတို့နှစ်ယောက်ရဲ့ ဘ၀ထဲ အချစ်စစ်ဆိုတာ ၀င်ရောက်နိုင်ပါ့မလား? မီ့ရဲ့ ဒုတိယမြောက်ဖြစ်တဲ့ ဒီficကို အားပေးကြပါဦး ဝေဖန်ပေးကြပါဥ...