[ Zawgyi ]
ရိုး ရဲ့ကားလေးမှာ စေ ဘားဆိုင်၌ ရပ်သွားသည်။ ကားပေါ်မှမဆင်းခင် ရိုးသည် အိတ်ထဲကနေအနီရောင် နှုတ်ခမ်းနီကို ထုတ်ယူကာ နှုတ်ခမ်းဖူးထက်က်ု ဆိုးလိုက်သည်။
နှုတ်ခမ်းလေးမှာ နီရဲထက်သွားသည်နှင့် ရိုးရဲ့ မျက်နှာနှင့် မျက်လုံးတို့ရဲ့ အကြည့်တို့မှာ တမဟုန်ချင်းပြောင်းလဲသွားသည်။
ရိုးကားပေါ်မှဆင်းကာ ဆ်ုင်ထဲဝင်သွားသည်။အချိန်အားဖြင့် ၅နာရီကျော်သာရှိသေးသော်လည်း ဆိုင်ထဲက အပြင်အဆင်ကြောင့် မှောင်ရိပ်စိုးနေသည်။
ဆိုင်ထဲသို့ ၀င်လျှင်ဝင်ချင်းတွေ့ရသည်မှာ လူတွေရဲ့ အကြည့်ပင်ဖြစ်သည်။ရိုးအဲ့တာတွေကိုကြုံဖူးနေကျဖြစ်သောကြောင့် မသိသလို မသိဖာသာနေလိုက်သည်။
ဘားဆိုင်သည်အတော်ကျယ်ပြီး သန့်ရှင်းသပ်ရပ်ကာ အထက်တန်းဆန်သည်။အခန်းတိုင်းကို အသံလုံစနစ်ဖြင့် ဆောက်ထားသောကြောင့် မည်မျှပင် သီချင်းအော်ဆိုအော်ဆို အပြင်၌ လုံးဝမကြားရ။
ဆိုင်အတွင်းပိုင်းမှာ ဖျော်ရည်နှင့်ယမကာ တွေကို ဖျော်ပေးသော ဆိုင်လည်းရှိသလို မျက်နှာချင်းဆိုင်မှာ စားသောက်ဆိုင်ရှိသည်။
ရိုး မတ်တပ်ရပ်ကာ စဉ်းစားနေမိသည်။ဒီလိုဆိုင်တွေကို လာနေကျမဟုတ်သဖြင့် ဘယ်ကနေ စလို့စရမှန်းမသိ ဖြစ်နေသည်။
ရိုးလည်း စဉ်းစားနေတုန်းမှာပင် ၀ိတ်တာတစ်ယောက်သည် ရိုးရဲ့အနားကို လာကာ
' လူကြီးမင်း ဘာသုံးဆောင်ချင်ပါသလဲ ခင်ဗျ'
' ငါ့အတွက် အခန်းတစ်ခန်းနဲ့ ဒီဆိုင်က အကောင်းဆုံး မီနူး၃ခုလောက်ချပေး '
' ဟုတ်ကဲ့ ဒီဘက်ကြွပါ'
ဝိတ်တာခေါ်ရာနောက်လိုက်သွားတော့ အခန်းရှေ့တွင် ရပ်ကာ
' ဒါက လူကြီးမင်းရဲ့ အခန်းပါ လိုတာရှိရင် အခန်းထဲက ဘဲလ်ကို နိပ်ပြီး မှာလိုက်ပါ ကျွန်တော်တို့က ဧည့်သည်တွေရဲ့ အခန်းထဲ ကိုလာပို့ပေးပါ့မယ် '
' အင်း သွားတော့ '
'ဟုတ်ကဲ့ ခနနေရင် စားစရာတွေလာချပေးပါ့မယ် '
KAMU SEDANG MEMBACA
မာနတွေဖြင့် စတင်ခဲ့သော
Romansaမေးခွန်း_ လူတွေရဲ့ အသဲကို ကိရိယာတွေမပါဘဲ ခွဲနိုင်လား? သျှင်း- ထမင်းစားရေသောက်ဘဲ ရိုး -အရမ်းလွယ်လွန်းတယ် မာနတွေ ၀န်းရံထားတဲ့ သူတို့နှစ်ယောက်ရဲ့ ဘ၀ထဲ အချစ်စစ်ဆိုတာ ၀င်ရောက်နိုင်ပါ့မလား? မီ့ရဲ့ ဒုတိယမြောက်ဖြစ်တဲ့ ဒီficကို အားပေးကြပါဦး ဝေဖန်ပေးကြပါဥ...