[ Zawgyi ]
operation ခန်းရှေ့တွင် သျှင်းနဲ့ ရိုးတို့ရဲ့ မိဘတွေစောင့်နေကြသည်။ထိတ်လန့်ခြင်းများစွာဖြင့်။
မကြာ ခွဲစိတ်ဆရာဝန်တစ်ယောက်ထွက်လာသဖြင့် လူတွေအားလုံး လှုပ်ရှားလာသည်။
ခွဲစိတ်ဆရာနား ကပ်ကာ သားးသမီး သတင်းမျှော်ကြသည်။
' သျှင်းထက်တမန်ရဲ့ အုပ်ထိန်းသူများလား '
'ဟုတ်ပါတယ် ကျွန်တော်တို့က သူ့မိဘတွေပါ '
' ခွဲစိတ်မှုကတော့ အောင်အောင်မြင်မြင်ပြီးသွားပါတယ် စိုးရိမ်စရာမရှိပါဘူး သူမကြာခင်သတိရလာပါလိမ့်မယ်'
' ကျေးဇူးပါ ဆရာ ကျေးဇူးပါ '
သျှင်းရဲ့ သတင်းကြားပြီးသည်နှင့် ၀မ်းသာမျက်ရည်ကျနေသော လှရာကိုကြည့်ပြီး ဒေါ်လှရိုးနွယ် ငိုချလာသည်။
' အကို ကျွန်မတို့သမီးက ဘာလို့ထွက်မလာသေးတာလဲဟင်'
' လာမှာပါ မကြာခင် ထွက်လာမှာ '
ပုခုံးမှီပြီးငိုနေသော မိန်းမကို နှစ်သိမ့်နေသော်လည်း ဦးရိုးမဟာလည်း စိုးရိမ်ခြင်းအပြည့်။
သမီးဖြစ်သူရဲ့ သတင်းကြားကြားခြင်း ပြန်လာခဲ့ကြသော်လည်း ခွဲစိတ်ခန်းထဲဝင်သွားသောသမီးမှာ အခုထိသတင်းမကြားရသေး။
ရိုးက ထိခိုက်မှုများတယ်လို့သာ သိရတာ အဖြစ်အပျက်တွေကိုမည်သူမျှ ရေရေရာရာမသိ။
မကြာ သူနာပြုမလေးတစ်ယောက်က အပြေးလာပြီး
' အမရာရိုးရဲ့ အုပ်ထိန်းသူများရှိကြလားရှင့် '
' ကျွန်မ..ကျွန်မပါ ဆရာမကျွန်မသမီးလေးအခြေအနေဘယ်လိုလဲဟင် '
'အခုသွေးထွက်လွန်နေတဲ့ အခြေအနေမို့ သွေးလိုနေပါတယ် '
' ဆရာမ ကျွန်တော်လှူမယ် '
'အကို '
'ဟုတ်ကဲ့ ဒါဆို ဒီဘက်ကို လာပါ '
' ဘာမှမပူနဲ့ သွေးလှူတာ သိပ်မကြာပါဘူးသမီးသတင်းကိုသာ စောင့်နေနော် '
' အင်း '
ဒေါ်လှရိုးနွယ် ထိုင်ချလိုက်သည်။သမီးသတင်းကြားကြားချင်းအမြန်ပြန်လာခဲ့သော်လည်း ဒီရောက်တော့ ရိုးက ခွဲခန်းထဲဝင်ပြီးနေပြီ။သတင်းများအရတော့ ရိုးအများကြီးထိသွားတယ်ဆိုဘဲ။
YOU ARE READING
မာနတွေဖြင့် စတင်ခဲ့သော
Romanceမေးခွန်း_ လူတွေရဲ့ အသဲကို ကိရိယာတွေမပါဘဲ ခွဲနိုင်လား? သျှင်း- ထမင်းစားရေသောက်ဘဲ ရိုး -အရမ်းလွယ်လွန်းတယ် မာနတွေ ၀န်းရံထားတဲ့ သူတို့နှစ်ယောက်ရဲ့ ဘ၀ထဲ အချစ်စစ်ဆိုတာ ၀င်ရောက်နိုင်ပါ့မလား? မီ့ရဲ့ ဒုတိယမြောက်ဖြစ်တဲ့ ဒီficကို အားပေးကြပါဦး ဝေဖန်ပေးကြပါဥ...