[ Zawgyi ]
ထို့နောက် မေမေပြောသည့်အတိုင်း နှစ်ယောင်အတူပြန်လာခဲ့သည်။taxi ဖြင့်။နှစ်ယောက်လုံးရဲ့ကားတွေကိုတော့ ကားရပ်နားရာမှာ ရပ်ထားသဖြင့် ကိစ္စမရှိ။
' ရိုး ကိုယ်မင်းကိုချစ်တယ်'
တံခါးဖွင့်ရန် လုပ်သောလက်မှာ ရပ်တန့်သည်။ထို့နောက် သျှင်းကို တစ်ချက်ကြည့်ပြီး နား နားသို့ကပ်ပြောလိုက်သည်။
သျှင်းတစ်ချက် ရီလိုက်သည်နှင့် ရိုးမှာလည်း ကားပေါ်သို့ဆင်းပြီးဖြစ်သည်။သျှင်းသိပြီးသားပင် ရိုးကလွယ်တဲ့အမျိုးအစားထဲမှာ မပါသဖြင့် နီးစပ်ဖို့လည်း အတော်လေးကို ခရီး ဝေးဦးမည်။
မတတ်နိုင် ချစ်တဲ့လူကဒီလိုတော့လည်း ဒီလိုဘဲပေါ့။
ရိုး အိမ်ထဲသို့ဝင်တော့မေမေနှင့်ဖေဖေရှိမနေ။သေချာပြန်စဉ်းစားမှ မေမေ ဖွားဖွားနေမကောင်းသဖြင့် နဲ့ ဖေဖေကတော့ နယ်ဝေးခရီးသွားမယ်လို့ မနေ့ကပြောခဲ့သည်ကို အမှတ်ရသည်။
အလုပ်သမားတွေကတော့ အိမ်နောက် ခြံထဲမှာသာနေထိုင်စေသဖြင့် အိမ်တွင် ရိုးတစ်ယောက်ထဲ။
မီးဖိုချောင်ထဲမှာရေသောက်နေတုန်း အိမ်ရှေ့တံခါးမှလူဝင်လာသော်လည်း အလုပ်သမားတစ်ယောက်ယောက်ဖြစ်မယ်ဟူ၍ ရိုးလှည့်မကြည့်မိ။
အသံမကြားရသလို ခြေလှမ်းကအစမကြားရသဖြင့် ရိုးလှည့်ကြည့်လ်ုက်ရာ
' ရှင်!!!'
' ၀မ်းမသာဘူးလား '
' ရှင် ဘယ်လိုလုပ်ရောက်လာတာလဲ!'
' ကိုယ်တ်ု့မတွေ့ရတာအတော်ကြာပြီလေ သတိရလို့ '
' ဦးသောင်းးရေ ဦးသောင်းး '
'မင်းဘယ်လောက်ခေါ်ခေါ်သူတို့ပြန်ထူးနိုင်မှာမဟုတ်ဘူး '
' ရှင်ထွက်သွား '
' မင်းအရမ်းစွာလာတယ်နော် ဘာလို့လဲ '
ရိုးဆီသို့ခြေလှမ်းလာသည်နှင့်အမျှ ရိုးလည်းနောက်သို့လှမ်းသွားမိသည်။
' ရှင် လူကြီးလူကောင်းမဟုတ်ဘူးလား မိန်းကလေးတစ်ယောက်ကို ဒီလိုမလုပ်သင့်ဘူး'
YOU ARE READING
မာနတွေဖြင့် စတင်ခဲ့သော
Romanceမေးခွန်း_ လူတွေရဲ့ အသဲကို ကိရိယာတွေမပါဘဲ ခွဲနိုင်လား? သျှင်း- ထမင်းစားရေသောက်ဘဲ ရိုး -အရမ်းလွယ်လွန်းတယ် မာနတွေ ၀န်းရံထားတဲ့ သူတို့နှစ်ယောက်ရဲ့ ဘ၀ထဲ အချစ်စစ်ဆိုတာ ၀င်ရောက်နိုင်ပါ့မလား? မီ့ရဲ့ ဒုတိယမြောက်ဖြစ်တဲ့ ဒီficကို အားပေးကြပါဦး ဝေဖန်ပေးကြပါဥ...