[ Zawgyi ]
' သျှင်း!!'
ခေါ်သံလာရာ အနောက်ကို လှည့်ကြည့်လိုက်တော့ ရိုး ခမျာ ဟင် ကနဲဖြစ်သွားတော့သည်။
သူက ဘယ်လိုလုပ်ပြီးရောက်လာတာလဲ?' သျှင်း!! လာအထဲဝင်ရအောင်လေ '
'ဟင်! အင်း သွားတာပေါ့ '
ရိုးအနောက်လှည့်ကြည့်ပြီး အံ့သြလို့မှ မဆုံးသေးအရှေ့ကိုပြန်ကြည့်လိုက်တော့ အနီရောင်ဂါဝန်ကြိုးပြတ်နဲ့ မိန်းကလေးက သျှင်းရဲ့လက်ကိုဆွဲပြီးခန်းမထဲသို့ ၀င်ရန်ခေါ်သွားသည်။
ဒါက ဘယ်လိုအခြေအနေပါလိမ့်???
ထို့နောက်စေသည် အံ့သြနေသော ရိုးရဲ့ အနားကို ကပ်လာကာ
'ထပ်တွေ့ကြပြီနော် '
' အင်း ကျွန်မတို့က ရေစက်ထင်တယ်နော် '
' ဟက်..ဖြစ်မယ် '
' ဒီကို ဘယ်လိုရောက်တာလဲ'
' ကားစီးပြီးရောက်လာတာပေါ့'
' အာ..ဟုတ်လား ကျွန်မ မသိလို့'
' နောက်တာပါ ဒီပွဲစီစဉ်သူက ဖိတ်လို့လေ'
' အော် '
' မင်းကော'
'ဖေဖေ့နောက်လိုက်လာတာ '
' အော် အထဲဝင်ရအောင်လေ'
' ဒီနေ့ ကျွန်မရဲ့ပါတနာအဖြစ်နေပေးမလား'
' သိပ်ရတာပေါ့ '
'၀င်ရအောင် '
ရိုးလည်း စေရဲ့ လက်မောင်းကို ချိတ်ဆွဲကာ ခန်းမထဲသို့ ၀င်သွားသည်။အထဲဝင်သွားတော့ ရိုးတို့ ဦးရိုးမဟာအနားမှာ သာ သွားထိုင်ရန်လုပ်တော့
'ဟင်! မောင်ရင်တို့ '
'ဖေဖေ ဒါ သမီးရဲ့ တစ်ရက်တာ ပါတနာလေ'
'ဟေ!!! အေးပါကွယ် လုပ်ချင်တာသာ လုပ်ပါ '
' ဟီးး'
ထို့နောက်မကြာ ရိုးတို့ ထိုင်နေသော ၀ိုင်းမှာ ဝဏနှင့် သျှင်းတို့လာ ထိုင်ကြသည်။တစ်ဝိုင်းတွင် လူ၅ယောက်သာ ထိုင်နိုင်သဖြင့် ရိုးသည် သျှင်းနှင့် မျက်နှာချင်းဆိုင်ဖြစ်သွားသည်။
YOU ARE READING
မာနတွေဖြင့် စတင်ခဲ့သော
Romanceမေးခွန်း_ လူတွေရဲ့ အသဲကို ကိရိယာတွေမပါဘဲ ခွဲနိုင်လား? သျှင်း- ထမင်းစားရေသောက်ဘဲ ရိုး -အရမ်းလွယ်လွန်းတယ် မာနတွေ ၀န်းရံထားတဲ့ သူတို့နှစ်ယောက်ရဲ့ ဘ၀ထဲ အချစ်စစ်ဆိုတာ ၀င်ရောက်နိုင်ပါ့မလား? မီ့ရဲ့ ဒုတိယမြောက်ဖြစ်တဲ့ ဒီficကို အားပေးကြပါဦး ဝေဖန်ပေးကြပါဥ...