"လိုက် ဟေ့ကောင်တွေ .. ရှေ့ကကောင်ကိုမိတာနဲ့ အရေခွံစုပ်ပစ် .. "
"ခွေးသားလေး .. မိတာနဲ့ မင်း ငါတို့လက်ချက်နဲ့အသေပဲ"
နောက်ကနေ ညာသံပေးလိုက်လာကြတဲ့ ခန္ဓာကိုယ်ခပ်ထွားထွားနှင့် လူကောင်ကြီးကြီး ၇ယောက်လောက်ဟာ ရှေ့ကပြေးနေတဲ့ ယောင်္ကျားပျိုတစ်ဦးနောက်သို့ ထပ်ကြပ်မကွာ ပြေးလိုက်နေကြသည်။
ထိုလူငယ်လဲ မိုင်ကုန်တင်ပြေးရင်းက မောလာနေချိန် ကားတစ်စီးနားကအဖြတ် ကားပေါ်ကလက်တစ်စုံ၏ အလစ်ငိုက်ဆွဲခံရမှုကြောင့် ကားပေါ်သို့ ယက်ကန် ယက်ကန်ဖြင့်ပါသွားသည်။
ဝူးခနဲနေအောင် မောင်းထွက်သွားတဲ့ ကားစုတ်လေးတစ်စီးကို ပြေးလိုက်လာကြတဲ့လူအုပ်က အလိုက်သင့်ရှောင်ပေးလိုက်ကြပေမယ့် အဲ့ဒီကားလေးပေါ်မှာ သူတို့ငွေတွေယူပြေးသွားတဲ့ကောင်လေး ပါသွားတာသိခဲ့မယ်ဆိုလျှင် ဒီလိုအလွယ်တကူရှောင်ပေးလိမ့်မယ်တော့မထင်။
လိုက်နေရင်းက မျက်ခြေဖျက်သွားတဲ့ကောင်လေးကြောင့် ကျန်ခဲ့တဲ့လူစုက စိတ်ပျက်လက်ပျက်နဲ့ ကောင်လေးကို မေတ္တာပို့နေကြတာကို လမ်းထောင့်မှာ ရပ်ထားတဲ့ ကားစုတ်လေးပေါ်က ကောင်လေးနှစ်ယောက်က ကြည့်ရင်း သဘောတကျ ရယ်မောနေခဲ့ကြသည်။
☔☔☔
"ဒီနေ့ ငါမလာရင် မင်းဘာဖြစ်သွားမယ်ထင်လဲ"
ဆောင်းရာသီအေးအေးမှာ လည်ချောင်းထဲကိုပူစင်းကာ၀င်ရောက်သွားသည့် အရက်ခွက်ကြောင့် ခန္ဓာကိုယ်ထဲ အနွေးဓာတ်ထဲတို့ ပျံ့နှံ့၀င်ရောက်လာသလို ခံစားရသည်။
နည်းနည်းသောက်ပြီး များများထွေချင်ပေမယ့် ရှေ့မှာထိုင်ကာ အရက်မသောက်ပဲ အမြည်းချည်းနှိုက်နေသော သကောင့်သားလေးကြောင့် ကောင်လေး ခပ်ထေ့ထေ့ပြန်ကြည့်လိုက်သည်။
"ဒီနေ့၁ရက်လေး ကူညီလိုက်တာနဲ့ တသက်လုံးကျေးဇူးရှင်ကြီးပုံစံ ဖမ်းနေတော့မှာလား မင်း"
ပြန်မေးလိုက်တော့လည်း မထီသလို မျက်လုံးလေးထောင့်ကပ်ကာ ကြည့်ရင်း အာလူးကြော်ကတော့ အဝါးမပျက်။ သူ့ကို အာရုံရပုံပင်မပြပဲ ဘေးဝိုင်းက ဘဲကြီးတပွေနှင့် အကြည့်ချင်း စစ်ထိုးနေပြန်သည်။
YOU ARE READING
Along With The Rain ☔
Fanfictionချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ကောင်လေးရယ် ချစ်နေပေမယ့် ဖွင့်မပြောဖြစ်တဲ့သူရယ် အချစ်ဆိုတာ တကယ်မရှိဘူးလို့ လက်ကိုင်ထားတဲ့ကောင်လေးရယ် ကိုယ်ရယ် မင်းရယ် သူရယ် ... Jeon Jung Kook x Kim Seok Jin x Ken