တေးသံညှင်းသဲ့သဲ့ ပျံ့လွင့်နေတဲ့ classic ဆန်ဆန် အနောက်တိုင်း ဘားတစ်ခု။
တိတ်ဆိတ်နေတဲ့ ပတ်၀န်းကျင်နှင့် ဆန့်ကျင်စွာ First Class VIP Room ထဲတွင်တော့ တီးလုံးသံမြူးကြွကြွများနှင့်အတူ ခွက်ချင်းတိုက် ဂုဏ်ပြုနေသံများ။
ဒီလို အထက်တန်းစား ပတ်၀န်းကျင်မှာ စိတ်ထင်တိုင်း သောင်းကြမ်းခွင့်ရဖို့က လွယ်ကူမှာမဟုတ်။ Barတွေ ကလပ်တွေကို နောက်ကွယ်ကကြိုးကိုင်ခြယ်လှယ်နေတဲ့ အမတ်ကြီး လီဟန်မင်း ရဲ့ အသိုင်းအဝိုင်းတချို့ကလွဲလို့ပေါ့။
"စိတ်ထဲရှိသလို ထင်တိုင်းကြဲလို့ရတယ် ဘော်ဒါတို့။ နောက်ပိုင်းကိစ္စကို Ken ဆိုတဲ့ ဒီကကောင် တာ၀န်သာထား။ စိတ်ကြိုက် ဖြုတ်လို့ရတယ်"
သောက်ရုံ ဟန်ပြသာသာ ထည့်ထားတဲ့ ဝီစကီတစ်ခွက်ဟာ ပွဲအစကနေ ခုအထိ မကုန်သေး။ ပြဇာတ်ကတာ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့လို့ ဆော့ဂျင်တို့နှင့် မေဂျာလဲ မတူပါပဲ ဘော်ဒါတွေကို ပြုစုချင်ပါတယ်ဆိုကာ High Class Bar ကြီးတစ်ခုဆီကို မ လာခဲ့တာဖြစ်သည်။
နည်းလမ်းပေါင်းစုံ သုံးပြီး မလိုက်ပါဘူး ငြင်းခဲ့တာတောင် တစ်ဖွဲ့လုံးက Ken ဘက်မှရှေ့နေလိုက်ပေးကြသောကြောင့် ဘယ်လိုမှ ငြင်းမရပဲ ဘား အထိ လိုက်ပါခဲ့ရသည်။
လာကြိုမယ်ဆိုသော ဂျောင်ကု မှာလည်း ဖုန်းပင်မကိုင်သောကြောင့် ချောင်မှာ ထိုင်ကာ ငုတ်တုပ်စောင့်နေရသည့်အဖြစ်။ Ken နှင့် မပတ်သက်တော့ဘူးလို့ ဆုံးဖြတ်ထားပြီးမှ ခုလိုတစ်ခန်းထဲ တူတူရှိနေရခြင်းက စိတ်ထဲဘယ်လိုမှ အဆင်မပြေ။
"အကုန်လုံး ပျော်နေကြတာ ကြွေရုပ်လေးရယ်။ မင်းကို ပျော်စေချင်လို့ ဒီလိုတွေအထိ ကိုယ်စီစဉ်ထားခဲ့တာ။ ကြွေရုပ်လေးပျော်အောင် ကိုယ် ဘာတွေထပ်လုပ်ပေးရမလဲဟင်?"
သူနှင့် ဆင်တူစွာ ပန်းရောင် Suit ကို တစ်ပုံစံထဲ ၀တ်ဆင်ထားသူသည် ကြမ်းပြင်ပေါ် ဒူးတစ်ဖက်ထောက်ကာ မျက်နှာဆီသို့ မော့ငေးနေလျက်။
မျက်၀န်းတွေထဲက ဖိတ်လျှံကြနေသည့် ချစ်အရိပ်တို့သည် တည်ငြိမ်နေသောရင်ကို လှိုင်းဂယက်သေးသေးလေးတောင် မဖြစ်ပေါ်စေခဲ့။ လက်ကိုဆုပ်ကိုင်လာသော လက်ဖဝါးနွေးနွေးတစ်ဖက်သည် လိုအပ်နေသော စိတ်လုံခြုံမှူကို မဖြည့်ဆည်းပေးနိုင်။
YOU ARE READING
Along With The Rain ☔
Fanfictionချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ကောင်လေးရယ် ချစ်နေပေမယ့် ဖွင့်မပြောဖြစ်တဲ့သူရယ် အချစ်ဆိုတာ တကယ်မရှိဘူးလို့ လက်ကိုင်ထားတဲ့ကောင်လေးရယ် ကိုယ်ရယ် မင်းရယ် သူရယ် ... Jeon Jung Kook x Kim Seok Jin x Ken