Ken ဆိုတဲ့ ကျွန်တော့်နာမည်အရင်းက လီဂျယ်ဟွမ်။
အမတ်ကြီး လီဟန်မင်း၏ တစ်ဦးတည်းသောသား။
လီဂျယ်ဟွမ် ဆိုသောနာမည်ရင်းထက် Ken ဆိုတဲ့ နာမည်ကိုသာ လူသိများတာမို့ နာမည်ရင်းကိုသိသူက လူရင်းအနည်းငယ်သာရှိသည်။
အများအမြင်မှာ ကျွန်တော်ဟာ တစ်ဦးတည်းသောသားတစ်ယောက်ဖြစ်ပေမယ့် တကယ်တမ်းက လူမသိ သူမသိ အစ်မတစ်ဦးရှိသည်။
သူမက ဖေဖေ့အရင်အိမ်ထောင်နှင့် ရခဲ့သော သမီး "လီဆုန်းမီ"။
ဖေဖေ့ကို အမတ်တစ်ဦးဖြစ်လာအောင် ပံ့ပိုးပေးခဲ့သော မေမေ့ဘက်က အသိုင်းအဝိုင်းက မမနှင့် ပတ်သက်လာလျှင် ကြည်ဖြူမှုမရှိကြ။ ထို့ကြောင့် မမသည် လီ မိသားစု၏ တရား၀င် အသိအမှတ်အပြုမခံရသော သမီးတစ်ဦးသာဖြစ်သည်။
လူကြီးပိုင်းတွေရဲ့ပြောစကားအရ ဖေဖေ့အရင်အိမ်ထောင်က လောင်းကစား၊ အရက်၊ တရားမ၀င်မူးယစ်ဆေးတွေကအစ ရောင်း၀ယ်ဖောက်ကားခဲ့သည်ဟုဆိုသည်။ ဖေဖေကိုယ်တိုင်လည်း အမတ်မဖြစ်ခင်မှာရော ဖြစ်ပြီးချိန်မှာပါ အမည်မဖော်ထားတဲ့ လောင်းကစားလုပ်ငန်းများစွာရှိခဲ့သည်။
လူရိုး လူကောင်းမေမေက မိဘလက်ငုပ်လက်ရင်းဖြစ်သည့် ရတနာဆိုင်ပေါင်းများစွာကို ဦးဆောင်နေရကာ အိမ်ထောင်မှုတစ်ဖက်ဖြင့် မအားလပ်ချိန်တွင် ဖေဖေသည် အမှောင်ချထားသော တရားမ၀င်လုပ်ငန်းများကို အစ်မဖြစ်သူကို ဦးဆောင်စေကာ ဆက်လက်လည်ပတ်စေခဲ့သည်။
မိခင်သွေးအပြည့်ပါသူ မမ ကလည်း ဖေဖေ လှည့်ကြည့်စရာမလိုအောင် လုပ်ငန်းတိုင်းကို ထိန်းချုပ်နိုင်ပြီး ထပ်မံတိုးချဲ့လာနိုင်သည်အထိ။
ကံကြမ္မာ၏ မျက်နှာသာပေးမှုဟု ပြောရမလား။ ကမ္ဘာ့ရန်ဘက်ကြီး ဂျွန်ဂျောင်ကုက မမ ဦးဆောင်ရာ လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်သည်ဆိုတော့ကာ ... ကျွန်တော့်အတွက် ရေကန်အသင့် ကြာအတင့် ဖြစ်လာခဲ့သည်။
ကမ္ဘာပေါ်မှာ နှစ်ယောက်မရှိတဲ့ မောင်ဖြစ်သူ မျက်နှာ မညှိုးစေရန်အလို့ဌာ မမ ဟာ ဂျောင်ကုကို ဆိုင်ခွဲတစ်ခုကို ဗန်းပြ အုပ်ချုပ်စေကာ မိမိရရ ချုပ်ကိုင်နိုင်ခဲ့သည်။
YOU ARE READING
Along With The Rain ☔
Fanfictionချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ကောင်လေးရယ် ချစ်နေပေမယ့် ဖွင့်မပြောဖြစ်တဲ့သူရယ် အချစ်ဆိုတာ တကယ်မရှိဘူးလို့ လက်ကိုင်ထားတဲ့ကောင်လေးရယ် ကိုယ်ရယ် မင်းရယ် သူရယ် ... Jeon Jung Kook x Kim Seok Jin x Ken