ဒေါသဖြင့်သွားနေတဲ့ ခြေလှမ်းတို့ရဲ့ဦးတည်ရာက ကြွေရုပ်ရှိရာ နေရာလေးဆီသို့။ ဘေးမှာ ထိုင်နေတဲ့ကောင်ကိုတော့ ဘောင်မ၀င်လို့ လှည့်မကြည့်ဖြစ်။
ကြွေရုပ်အနားရောက်ရင် ရနေကျဖြစ်တဲ့ ရေမွှေးနံ့လိုလို ကိုယ်သင်းနံ့လို ရနံ့ကြည်ကြည်လေးတစ်မျိုးက နှာခေါင်းထဲ၀င်ရောက်လာသည်။
ခက်ထန်နေတဲ့စိတ်တွေဟာ ချစ်ရသူရဲ့ ကိုယ်သင်းနံ့ပြေပြေလေးအောက်မှာ မီးကို ရေနှင့်ငြှိမ်းလိုက်သလို အေးချမ်းသွားရသည်။
"ဆော့ဂျင်"
အသံလာရာဘက်ဆီ လှည့်ကြည့်တဲ့မျက်နှာလေးက ပကတိစွဲမက်ဖွယ်။ မေးဖျားလေးကိုမော့ပီး ကြည့်လာတဲ့မျက်နှာနုနုလေးက အကြည့်စူးစူးလေးတို့နှင့် တွဲဖက်လိုက်တော့ ကြွေရုပ်လေးအလှမှာ နောက်တကြိမ်ပြိုလဲရပြန်သည်။
"အော် .. Ken"
ကြွေရုပ်ကို ပြုံးပီးကြည့်နေပေမယ့် ဘေးတဖက်ကကောင်ရဲ့ အကြည့်စူးစူးတွေက သူ့ဆီရောက်နေမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲ။
မြွေမြွေချင်း ခြေတော့မြင်မှာပေါ့။ စိုက်ကြည့်နေလဲ ဘာအရေးလဲ။
ကြွေရုပ်ကို မင်းအပိုင်လို့ထင်နေရင် တွေ့တဲ့ကားရှေ့ ပြေး၀င်ပီးသာ သေလိုက် ဟေ့ကောင်။
အကြည့်တွေမှာ လက်နက်ပါရင် နေရာမှာတင် စစ်မြေပြင်ဖြစ်တော့မယ့်အနေအထားမို့ ဆော့ဂျင် ၀င်ထိန်းရတော့သည်။ ဂျောင်ကုဆိုတာကလဲ အပြောထက် လက်ကအရင်ရောက်တတ်သူမို့ မထိန်းလို့မရ။
"ဂျောင်ကု .. ဒါ Ken လေ ငါနဲ့ ဒီရက်ပိုင်း အပြင်သွားဖြစ်နေတာ"
မကောင်းတတ်လို့ တစ်ချက်လှည့်ကြည့်ပီး ဘေးကိုပြန်လှည့်သွားတဲ့ ဂျောင်ကုကြောင့် ဆော့ဂျင် အားနာသွားရကာ မမြင်ကွယ်ရာမှာ ဂျောင်ကု ခြေထောက်ကို ကြိတ်နင်းလိုက်သည်။
"Ken ဒါဂျွန်ဂျောင်ကုတဲ့ .. ကိုယ့်ရဲ့အရင်းနှီးဆုံးကြီး"
အရင်းနှီးဆုံးကြီး ဆိုတာကို ကြားပီးတဲ့နောက် ပျက်သွားတဲ့ မျက်နှာကို Ken ပြန်ထိန်းလိုက်တာကို ဆော့ဂျင် မြင်လိုက်ရသည်။ သူ့ဘက်က စကားမှားသွားတာမဟုတ်ပေမယ့် ဒါကအမှန်တရားပဲမို့ Ken ကိုသိထားစေချင်ရုံလေး။
YOU ARE READING
Along With The Rain ☔
Fanfictionချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ကောင်လေးရယ် ချစ်နေပေမယ့် ဖွင့်မပြောဖြစ်တဲ့သူရယ် အချစ်ဆိုတာ တကယ်မရှိဘူးလို့ လက်ကိုင်ထားတဲ့ကောင်လေးရယ် ကိုယ်ရယ် မင်းရယ် သူရယ် ... Jeon Jung Kook x Kim Seok Jin x Ken