Along With The Rain ☔ - 15

1.5K 185 54
                                    

“ငါ့ကိုမထားခဲ့ပါနဲ့ ...”

“ဂျောင်ကု ”

ဂျောင်ကု!!!

မထားခဲ့ပါနဲ့လို့ တစာစာအော်နေခဲ့တာတောင် မျက်ကွယ်ပြုသူက အမှောင်ရိပ်ထဲ တစထက် တစ တိုး၀င်ပျောက်ကွယ်သွားခဲ့သည်။

၀မ်းနည်းနေတဲ့ မျက်၀န်းတွေနဲ့ နှုတ်ဆက်ပြီး ကျောခိုင်းသွားတဲ့ ဂျောင်ကုဟာ သူနှင့် ဝေးရာ ဝေးရာဆီသို့သာ။

ဒါ အိပ်မက် ... အိပ်မက်မှန်းသိတာမို့ မသိစိတ်တွေထဲကအတင်း ရုန်းကန်နိုးထမိ‌တော့ တာဝေးခရီးရှည်ပြေးလာရသူလို ‌ချမ်းချမ်းစီးစီးဆောင်းညမှာ လူတကိုယ်လုံး ချွေးတွေရွှဲရွှဲနစ်လျက်။

အားကိုးရာအဖြစ် လက်တစ်စုံကို မှောင်မည်းနေတဲ့ အခန်းထဲ စမ်းပြီး ရှာဖွေမိပေမယ့် ဘယ်လိုမှ ဖမ်းဆုပ်လို့မမိ။

ယောက်ယက်ခတ်နေတဲ့ရင်ကိုသာ အရင်ဆုံး တည်ငြိမ်သွားစေဖို့ မျက်လုံးမှိတ်ပြီး အသက်ကို မှန်မှန်ရှုသွင်း၊ ရှုထုတ်ရသည်။

ပုံမှန်ဆို ဂျောင်ကုက သူအိပ်မက်ဆိုးမက်တဲ့ညတွေဆို ရင်ဘတ်ကို လက်ဖြင့် ဖွဖွပုတ်ကာ တရေးနိုးလာချိန်တိုင်း ပြန်ချော့သိပ်တတ်သည်။ ခုတော့ အိပ်ယာပေါ်မှာတောင် ရှိမနေ။

ဒါ့အပြင် ဂျောင်ကုအိပ်တဲ့ဘက်ခြမ်းက ခပ်အေးအေးဖြစ်နေတာကြောင့် ထသွားတာ အတော်အသင့်ပင် ကြာပြီလို့ထင်ရသည်။ 

Toilet ရေချိုးခန်း‌ စုံနေအောင် ရှာပြီးတာတောင် တနေရာမှ မရှိသူသည် မနက်ခင်းစောစောစီးစီးကို ဘယ်ကိုများ ခြေဦးလှည့်ပြန်ပြီလဲ တွေးကာ သူ့စီးတော်ယာဉ်ကို ရှာမိတော့ ဆိုင်ကယ်ကလည်း သူ့နေရာမှာ ဒီအတိုင်းရှိနေပြန်သည်။

အိပ်တ၀က် နိုးတ၀က်ဖြင့် ဂျောင်ကုရှာပုံတော်ဖွင့်တာကို ရပ်လိုက်ပြီး အိပ်ခန်းထဲ ပြန်၀င်လာလိုက်တော့ ကုတင် အောက်ခြေနားမှာကျနေတဲ့ စာရွက်ခေါက်ကလေး။

မပွင့်သေးသော မျက်လုံးတို့ကို လက်ဖြင့်ပွတ်သပ်လိုက်ပြီး စာကိုသေချာဖတ်ကြည့်လိုက်သော အခါတွင်တော့ ...

ပူပန်သောကတို့တ၀က် မချင့်မရဲဒေါသတို့တဖက်ဖြင့် ပူပူလောင်လောင်အတွေးများက ဆော့ဂျင်စိတ်ထဲ စုန်ဆန်ကာ ပြေးလွှားသွားသည်။

Along With The Rain ☔Where stories live. Discover now