Along With The Rain ☔ - 10

1.6K 179 62
                                    

နှင်းတွေတဖွဲဖွဲကျနေသည့် ဆိုးလ်မြို့၏ ဆောင်းမနက်ခင်းက နေရောင်ခြည် အပြည့်အ၀မရသေး။ မနက်ပိုင်း အတန်းချိန်အမှီ လာရသော ကျောင်းသားများကတော့ ‌အတန်းမစခင် ကျောင်း၀န်းကြီးထဲ နှင်းခဲတွေနှင့် တစ်ယောက်ကို တစ်ယောက် ပစ်ပေါက်ကစားနေကြသည်။

ဌာနမှူး၏ ရာဇသံကြောင့် ဒီမနက်အတန်းချိန်ကို မတက်မဖြစ် တက်ရသော ဆော့ဂျင်မှာ အတန်းရှေ့က အုတ်ခုံလေးမှာ ငိုက်မြည်းရင်း နေပူစာလှုံနေသည်။ လွတ်ထားသမျှ Tutorialတွေ ထိုင်ဖြေနေရသော ဂျွန်ဂျောင်ကုကို စောင့်ရင်းလည်းဖြစ်သည်။

"ဒီနှစ်မှ ပိုအေးနေတာလား ဆောင်းက"

ချမ်းလွန်းလို့ တစ်ယောက်ထဲ ရေရွတ်နေစဉ် ခေါင်းပေါ်တဖွဲဖွဲကျလာသော နှင်းစက်မှုန်များ။

"‌ေ-ာမို့လို့ ဒီလောက်အေးနေတာကို ခေါင်းပေါ်နှင်းတွေလာကြဲနေရလား?"

မနက်ခင်းစောစောစီးစီးလဲ မသိတော့ပဲ လက်သရမ်းသောသူကို ဆော့ဂျင် မေတ္တာပို့လွှတ်သည်။ ခိုက်ခိုက်တုန်‌အောင် ချမ်းလွန်းလို့ နေပူစာ‌တောင် လှုံနေရတာကို ဘယ်လိုကောင်ကများ။

"ကျွန်တော်ပါ ကြွေရုပ်ရဲ့။ ဒီရက်တွေထဲ ကျွန်တော်ပျောက်နေလို့ ကြွေရုပ် မျက်စိနောက်သက်သာနေမှာပဲနော်"

Ken က မချိပြုံးလေး ပြုံးကာ ဆော့ဂျင်ထိုင်နေရာ အုတ်ခုံတန်းလေးဘက်သို့ လာ၀င်ထိုင်သည်။ သူကြဲချလိုက်လို့ ခေါင်းစွပ်ပေါ်တင်ကျန်နေသည့် နှင်းမှုန်တွေကို အသာအယာ ဖယ်ချပေးပြီး မျက်နှာလေးအား ငုံ့ကြည့်ကာ။

"ကြွေရုပ် အရမ်းချမ်းနေတာပဲ။ နှာသီးဖျားလေးတွေတောင် ရဲနေတယ်။ အအေးပတ်တော့မှာပဲဗျာ"

ဆော့ဂျင် စကားတစ်ခွန်းမှ မပြောမိခင်မှာ Ken က သူ့ကျောပိုးလွယ်အိတ်ထဲ ခေါက်ထည့်လာသည့် မာဖလာအပြာလေးနှင့် သိုးမွှေးလက်အိတ်လေးကို ထုတ်ယူကာ ဆော့ဂျင်ကို သူကိုယ်တိုင် ၀တ်ဆင်ပေးသည်။

"ရ .. ရတယ်။ အဲ့လောက်လည်း ကျွန်တော် မအေးဘူး"

လက်တွေကို ရုန်းလည်း ပြန်မလွှတ်ပေးသော Ken က ဆော့ဂျင်လက်တွေကို လက်အိတ်စွပ်ပေးပြီးတာတောင်အာငွေ့ထပ်ပေးနေတာမို့ အနေခက်သွားရပြန်သည်။

Along With The Rain ☔Where stories live. Discover now