"လုပ်လေကွာ .. ဒါလေးပြီးရင် အိပ်လို့ရပြီကို"
စာကြည့်စားပွဲပေါ် ခေါင်းချကာ အိပ်ချင်နေသူက ပြောသမျှစကားတို့ကို လျစ်လျူရှုထားသည့်ဟန်။ ဆွယ်တာထူထူအောက်က ကြွက်သားပြည့်ပြည့် လက်မောင်းကြီးကို လှုပ်ယမ်းကာနှိုးနေရသော ဆော့ဂျင်မှာတော့ မရှည်တော့သည့်စိတ်ကလေးကို မနည်းဆွဲဆန့်ကာ ထားရသည်။
"ဒီတစ်ခေါက်ဖြေပြီးရင် ဒီစာတွေလှည့်ကြည့်စရာတောင် မလိုတော့ဘူးလို့ ဘယ်နှခါပြောရမလဲ?"
"စာမေးပွဲလည်း ဖြေရ .. အလုပ်လည်း သွားရနဲ့မို့ပါကွာ .. ကိုယ် တမင်လုပ်နေတာ မဟုတ်ရပါဘူး"
မျက်လုံးတို့ကို မဖွင့်ပဲ နှုတ်ခမ်းဖျားတို့ လှုပ်ခတ်ရုံသာ ပြောလာသော ဂျောင်ကု စကားများကြားရသောအခါ ဆော့ဂျင်စိတ်ထဲ စာနာ သနားစိတ်တို့က လွှမ်းမိုးလို့သွားပြန်သည်။
နှစ်ယောက်တစ်ဘ၀မှာ အိမ်ရဲ့ စား၀တ်နေရေးကို ဦးဆောင်နေသူက သူ့ကို နည်းနည်းလေးတောင် ပင်ပန်းမခံစေချင်။ ဂျောင်ကုကိုယ်တိုင်ကသာ ကိစ္စအရပ်ရပ်တိုင်းကို ကိုင်တွယ်ဖြေရှင်းလေ့ရှိတာမို့ ကျောင်းတစ်ဖက် အလုပ်တစ်ဖက် ကိစ္စများ ကြုံကြိုက်လာချိန်မှာတော့ အားကိုးခံချင်သူကြီးခမျာမှာ ပိုပင်ပန်းရတော့သည်။
"ဒါဆိုလဲ အိပ်လိုက်လေ .. မနက်စောစော ငါပြန်နှိုးပေးမယ်။ မနက်ပိုင်းဆို စိတ်ကြည်ပြီး ဉာဏ်လည်းပွင့်တယ်တဲ့"
ဂျောင်ကု ဆံပင်တွေကို ဖွဖွပွတ်သပ်ကာ ကလေးချော့မြှူသလို ပြောမိတော့ ကြယ်တာရာတွေလို လင်းလက်သည့်မျက်အိမ်ကျယ်ကျယ်တို့က ဖွင့်ဟလာတော့သည်။
"ဒီအချိန်မှာ အားပေးစကားတွေထက် ပိုပြီးမြန်မြန်ဆန်ဆန် အားပြည့်စေတဲ့နည်းလေး ကိုယ်သိတယ် .. ဂျစ်တူး သိအောင် ပြောပြရမလား?"
သိလိုစိတ်ကြောင့် အနည်းငယ်ဝိုင်းစက်သွားသည့် မျက်အိမ်လှလှလေးတွေဟာ ပုတ်ခတ်ပုတ်ခတ်ဖြင့် ဂျောင်ကု မျက်နှာကို ပြူးကြောင်ကြောင်လေး စိုက်ကြည့်လာတော့သည်။
ဆိတ်ဆိတ်နေခြင်းဟာ ၀န်ခံခြင်းလို့ လက်ခံထားတဲ့သူက တက်တူးထိုးထားတဲ့ လက်တစ်ဖက်ဖြင့် ဆော့ဂျင် နှုတ်ခမ်းတွေပေါ်သို့ ခပ်ဖွဖွထိတွေ့လိုက်ကာ။
YOU ARE READING
Along With The Rain ☔
Fanfictionချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ကောင်လေးရယ် ချစ်နေပေမယ့် ဖွင့်မပြောဖြစ်တဲ့သူရယ် အချစ်ဆိုတာ တကယ်မရှိဘူးလို့ လက်ကိုင်ထားတဲ့ကောင်လေးရယ် ကိုယ်ရယ် မင်းရယ် သူရယ် ... Jeon Jung Kook x Kim Seok Jin x Ken