Along With The Rain ☔ - 7

1.6K 199 25
                                    

အေးစက်စက်လေထုနှင့်အတူ ရင်းနှီးနေကြမဟုတ်သည့် စိမ်းသက်သက် အနံ့တစ်မျိုးက သတိလည်လာချိန်မှာ ပထမဆုံး ခံစားမိတာဖြစ်သည်။

အသိစိတ်ကပ်လိုက်သည်နှင့်တပြိုင်နက် ‌ညာဘက်ခြေထောက်ဆီက နာကျင်မှုက စူးခနဲထိုးကိုက်သည်။ စိတ်ကိုငြိမ်အောင် အသာထိန်းပြီး မျက်လုံးတို့ကို အားယူပီး ဖွင့်ကြည့်မိတော့ လူဆိုးကောင်က ရင်ဘတ်ကို ပါးအပ်ကာ အိပ်မောကျနေသည်။

ဆော့ဂျင် သူ့ရင်ဘတ်ပေါ်မှီအိပ်နေလို့ ခြေထောက် အနေအထားကို သေချာမမြင်ရ။ ပတ်တီးဖြူဖြူကိုပဲ တစွန်းတစ လှမ်းမြင်ရသည်။ ငိုထားလို့ မို့တက်နေတဲ့ မျက်ခွံလေးတွေနှင့်အတူ ဆော့ဂျင်ဟာ ကလေးတစ်ယောက်လို သူ့ကိုယ်ပေါ်မှာ အိပ်မောကျနေသည်။

"ဟင်း~~~"

ကျန်တာတွေ မစဉ်းစားမိသေးပဲ ဆော့ဂျင်ရဲ့ ပါးလေးတစ်ဖက်ကို လက်ချောင်းတွေနှင့် ပွတ်သပ်မိတော့ အင့်ခနဲ တချက်တွန့်ကာ အိပ်ပုတ်ကောင် နိုးလာသည်။

"ဟင်!! ဂျောင်ကု မင်းသတိရနေပီ"

ဒီတော့မှ မျက်လုံးတွေကို လက်ခုံဖြင့်ခပ်ကြမ်းကြမ်းပွတ်ကာ သူ့ကိုပြူးပြဲကြည့်တော့သည်။ စိတ်လှုပ်ရှားနေသူတစ်‌ယောက်လို ဆော့ဂျင်ရဲ့ လက်တွေက သူ့ကိုကိုင်တွယ်ရမှာ တုန်တုန်ရီရီဖြစ်နေသည်။

"ငါ ဘာမှ မဖြစ်ဘူးဆော့ဂျင်။ ဘာလို့ မင်းဒီလောက်ကြောက်နေရတာလဲ။ မင်းကိုထားပြီး ဘယ်ကိုမှ မသွားဘူးလို့ ပြောထားပြီးသားလေ"

သူ လှဲနေရာက ပုံစံပြောင်းကာ လူနာကုတင်ခေါင်းရင်းကို ကျောမှီအ‌နေအထားနှင့် မှီဖို့ပြင်လိုက်သည်။ သူ ထူထူထောင်ထောင်ဖြစ်‌မှ စိတ်သက်သာရသွားသလို ဆော့ဂျင်က သက်ပြင်းတစ်ချက်ခိုးချသည်။

"မင်းကိုငါ ယုံမယ်လို့ထင်နေလား။ ခုတောင် ငါ့ကိုမတိုင်ပင်ပဲ မင်းလုပ်တာလေ။ ဒီလိုနဲ့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"

"မင်းကောင်က အရင်စိန်ခေါ်တာ ငါ့ကို။ မင်းအနားမှာ အချိန်တိုင်း‌ရှိနေလို့ ငါ့ကို သပ်သပ်ထောင်ချောက်ဆင်တာ"

Along With The Rain ☔Where stories live. Discover now