“ထမင်းပုံမှန်စားဦးနော် ဂျောင်ကု”
မျက်စိရှေ့မှာ မြင်နေရသော်လည်း ထွေးပွေ့ခွင့်မရ။ မှန်အကြည်တံတိုင်းတစ်ခုက ခြားထားသည်။ လေလှိုင်းထဲကထွက်လာမည့် စကားသံကိုပဲ အားစိုက်နားထောင်နေရသည်။
“ကိုယ့်ကို စိတ်မပူစမ်းနဲ့လို့ဆို .. ဒီမှာ ကိုယ်အားလုံး အဆင်ပြေတယ် .. တစ်လ တစ်ခါလာတွေ့ရလည်း စိတ်ပူနေတုန်းပဲလား ဂျစ်တူးရယ်”
ဂျောင်ကုက သူ့ကို နည်းနည်းလေးတောင် စိတ်ပင်ပန်းခံစားနေမှာကို မကြိုက်။ အရင်လို ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမောသာ နေစေလိုသည်။
တကယ်တမ်း ကိုယ့်ပျော်ရွှင်မှုက သူနှင့် ရာနှုန်းပြည့်သက်ဆိုင်သည်ဆိုတာ မျက်၀န်းဝိုင်းလေး သိဖို့ကောင်းသည်။
“ကိုယ် ဒီမှာ အလုပ်တွေလည်း ကြိုးကြိုးစားစားလုပ်နေတယ် .. စံပြအကျဉ်းသားဖြစ်ရင် လျှော့ရက်တွေ ပိုရတယ်တဲ့ .. ဆော့ဂျင်လေးဆီ မြန်မြန်ပြန်လာနိုင်ဖို့ ကိုယ်ကြိုးစားနေတယ်နော် ”
“၂၂၀၈ - ဂျွန်ဂျောင်ကု ဧည့်တွေ့ချိန်ပြည့်ပြီ”
တာ၀န်ကျရဲအရာရှိက ဂျောင်ကုအနားသို့ရောက်လာကာ လက်မောင်းတစ်ဖက်မှ ဆွဲယူထစေသည်။ သူ စိတ်မကောင်းမှာစိုးလို့ ဟန်ဆောင်ပြုံးကာ နှုတ်ဆက်နေတဲ့ ဒီကောင်လေးရဲ့ အပြုံးနောက်ကွယ်က ၀မ်းနည်းရိပ်တွေကို မြင်နေရသည်။
“ဟင်းဘူးလေးတွေပါတယ် ဂျောင်ကု .. စားဖြစ်အောင်စားဦးနော် .. ပြီးတော့ နေမကောင်းလဲမဖြစ်စေနဲ့”
ကြားရဲ့လား မသေချာပေမယ့် မှန်နံရံနားကပ်ကာ ဂျောင်ကုကြားနိုင်သည်အထိ သူအော်ပြောနေခဲ့သည်။ တံခါးချပ်နောက်ကွယ်ကို ၀င်ရောက်သွားသည့် ကျောပြင်လေးကို ဖက်တွယ်ပြီး ငိုချင်စိတ်များကို ထိန်းချုပ်ထားရသည်မှာ ပင်ပန်းလှသည်။
တစ်လ တစ်ခါ လာတွေ့နေကျပေမယ့်လည်း ဒီခံစားချက်ကို ခုထိ မထိန်းချုပ်နိုင်သေး။ ဂျောင်ကု ကျောခိုင်းထွက်သွားတာမြင်သည်နှင့် လှိုက်တက်လာသည့် ၀မ်းနည်းမှုက ရင်တစ်ခုလုံး ဖြတ်ရိုက်ခံရသလို နာကျင်ရသည်။
YOU ARE READING
Along With The Rain ☔
Fanfictionချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ကောင်လေးရယ် ချစ်နေပေမယ့် ဖွင့်မပြောဖြစ်တဲ့သူရယ် အချစ်ဆိုတာ တကယ်မရှိဘူးလို့ လက်ကိုင်ထားတဲ့ကောင်လေးရယ် ကိုယ်ရယ် မင်းရယ် သူရယ် ... Jeon Jung Kook x Kim Seok Jin x Ken