Along With The Rain ☔ - 8

1.5K 195 41
                                    

ဂျောင်ကု ဆေးရုံမှာ ၁ပတ်လောက်နေပြီး ဆင်းလာရပေမယ့် ကျောင်းသွားလို့‌ရသည့် အနေအထားတော့မဟုတ်။ အကြောင်းက ဂျိုင်းထောက်အသုံးပြုပြီး ထော့နဲ့ ထော့နဲ့နှင့် လျှောက်နိုင်ပေမယ့် မောင်မင်းကြီးသား ဆရာကြီး ဆော့ဂျင်က ကျောင်းမတက်ခိုင်းသေးတာပါ။

"ဌာနမှူးဆီကို ငါကိုယ်တိုင် ဆေးစာအပြည့်အစုံနဲ့ ခွင့်တိုင်ထားပြီးသား။ မင်းကအိမ်မှာနေပြီး အနာမြန်မြန်ကျက်အောင်ပဲလုပ်"

ထမင်းစားခုံမှာ သူ့ကိုထိုင်ခိုင်းထားပြီး ဆရာကြီးက ညနေစာပြင်ဆင်နေသည်။ ပါစတာစားချင်သည်ဟု ပြောထားလို့ ခေါက်ဆွဲပြုတ်ထားပြီး ထည့်မယ့်ဟင်းအမယ်တွေကို စိတ်တိုင်းကျစီစဉ်နေသည်။

ကင်မ်ဆော့ဂျင်ဆိုတာက တလောကလုံး သူ့စိတ် သူ့သဘောသာ လုပ်ခိုင်းထားလိုက်။ မမောနိုင် မပန်းနိုင် ဆရာကြီးလုပ်ပြပါလိမ့်မည်။

"ခေါက်ဆွဲအိုး ရေဆူနေပီ ‌ဟိတ်ကောင်"

"ငါသိတယ် လျှာမရှည်နဲ့။ နူး မနူးစမ်းကြည့်ရဦးမှာ"

ဆော့ဂျင် ပြောပြောဆိုဆိုဖြင့် စတီးအိုးထဲမှာ ပွက်ပွက်ဆူနေသော ခေါက်ဆွဲတစ်ဖက်ကို ဆယ်ယူကာ ဘေးနံရံပေါ် ပစ်တင်သည်။ ဖတ်ခနဲ ကပ်သွားသော ခေါက်ဆွဲဖက်ကိုကြည့်ကာ သူ့ဘက်လှည့်ပြီး လက်မထောင်ပြသည်။

ဒါ ခေါက်ဆွဲနူးပြီဆိုတဲ့သဘော။ ဘုရားစူး ကင်မ်ဆော့ဂျင်၏ စောင်ကျိုးနည်း ခေါက်ဆွဲ နူး၊မနူး စမ်းသပ်မှုကြီး။

"ဌာနမှူးက ငါ့ကို ဒီနေ့ပြောလိုက်သေးတယ်။ မင်းနဲ့ငါ့ကိုတဲ့ သူက အော်တိုတောင် အအောင်ပေးလိုက်ချင်ပြီတဲ့။ ငါတို့မျက်နှာတွေ ထပ်မမြင်ချင်တော့ဘူးတဲ့လေ။ ဟား ဟား"

ဟင်းချက်နေရင်းက မအားတဲ့ကြားထဲ သူတစ်နေ့တာ ကြုံလာသမျှကို ဖောက်သည်ချရသေးသည်။ ပြောသမျှကို ငြိမ်နားထောင်ပေးပြီး သူ့ Flow အတိုင်း အလိုက်အထိုက်လေးသာ ပြန်ပြော‌ပေးနေလိုက်။ အဲ့နေ့မျိုးဆို သူ့မှာစိတ်တွေချမ်းသာပြီး စားပြီးသားပန်းကန်တောင် ယူဆေးပေးသည်အထိ။

ကလေးစိတ်မပျောက်ပဲ လူကြီးလုပ်ချင်‌နေတဲ့ ကလေးလူကြီးကောင်။

Along With The Rain ☔Where stories live. Discover now