“ဟိုရောက်ရင် ပြဿနာမရှာနဲ့နော် ဆော့ဂျင်”
ဂျောင်ကု ဒီရက်ပိုင်း ဦးစီးနေရသည့် ကာစီနိုပွဲရုံသို့ ဆော့ဂျင်ကိုပါ အတူလိုက်ခဲ့ဖို့ခေါ်ထားသည်။ စာတွေကျက်ရတာများလို့ စိတ်ပြေလက်ပျောက် ခေါင်းဆေးချင်ပါသတဲ့။
မယုံဘူး ပြောရင်လည်း ၂ညအိပ် ၃ရက် လောက်စိတ်ကောက်လို့ဆုံးမှာမဟုတ်လို့ သူ့ကိုခေါ်ဖို့လုပ်ရသည်။ အခုကာစီနိုရုံလေးက အရင်သွားနေကြရုံကြီး၏ လက်ခွဲအသေးတစ်ခုဖြစ်သည်။
လီဆုန်းမီဘက်က ကမ်းလှမ်းလာတဲ့စာချုပ်ကို သဘောတူပြီး ရရှိလာတဲ့ သူ့လုပ်အားခလေးနဲ့ ဆော့ဂျင်အတွက် မွေးနေ့လက်ဆောင်ခြံလေး ၀ယ်ဖြစ်ခဲ့တာ။ ခုဆိုရင်ခြံလေးက ရှင်းလင်းပြီးလို့ တစ်ထပ်တိုက် ဖြူဖြူလေးတောင် ရုပ်လုံးပေါ်နေပြီ။
“ဒီညမင်းပါလိုက်မှာဆိုတော့ ငါညဉ့်နက်တဲ့အထိ ဟိုမှာ မစောင့်တော့ဘူး။ စောစောသိမ်းပြီး အိမ်တန်းပြန်မယ်”
“ငါ့ဟာငါပြန်လည်းရသားပဲ”
“အဲ့နားက လူပြတ်တယ်။ ရှိတဲ့လူတွေကလဲ အကုန်လက်ရဲဇတ်ရဲနဲ့ အလောင်းကစားသမားတွေချည်းပဲ။ ညဘက်တွေဆို မူးရူးနေကြတာ”
“မင်း ထိပ်ဆုံးက မှလား”
သူ့ကို လှမ်းပက်သော ရှေ့ကကောင်ကို ခါးကနေတစောင်းပွေ့မလိုက်တော့ တွန်းထိုးကာ ရုန်းကန်တော့သည်။ ဂျောင်ကု ဒီတိုင်းမပြီးသေးပဲ ခါးနေရာကို ကလိယား ထိုးလိုက်တော့ သူ့လက်ထဲမှာ ဆော့ဂျင် တွန့်လိမ်သွားသည်။
“ရားး ဂျွန်ဂျောင်ကု.. အား .. ယားတယ် ဟေ့ကောင် .. လွှတ် .. ငါ ထိုးမှာနော် မင်းကို”
“ဟိုမှာ ဘာဇယားမှမရှာနဲ့နော် ခုထဲကကြိုပြောထားမယ်။ အရင်နေရာတွေလို မဟုတ်ဘူး။ လူရှုပ်တယ်”
“မင်းနောက်တခါလိုက်ရတာလဲ မှာတမ်းခြွေတာနားထောင်ရတာနဲ့ကို မတန်ပါဘူး”
သူ့အလုပ်လေး မရောက်ဖူးလို့ လိုက်လည်ပါတယ်။ ဆရာကြီးလုပ်တာခံရတာနဲ့တင် မကာမိ။ ငယ်ငယ်ရွယ်ရွယ်လေးနှင့် သူဒီလိုဦးဆာင်နိုင်ကိုတော့ ဆော့ဂျင် စိတ်ထဲ သဘောကျမိတာတော့အမှန်။
YOU ARE READING
Along With The Rain ☔
Fanfictionချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ကောင်လေးရယ် ချစ်နေပေမယ့် ဖွင့်မပြောဖြစ်တဲ့သူရယ် အချစ်ဆိုတာ တကယ်မရှိဘူးလို့ လက်ကိုင်ထားတဲ့ကောင်လေးရယ် ကိုယ်ရယ် မင်းရယ် သူရယ် ... Jeon Jung Kook x Kim Seok Jin x Ken