ခံစားချက်မဲ့စွာ တစ်ဦးတည်းနေထိုင်ခဲ့ရသည့် ကာလများက အရောင်မပါသော အဖြူအမည်းရုပ်ရှင်ကို ကြည့်ခဲ့ရသလိုထင်မိသည်။
ပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်နေရာမှ ပြန်အသက်၀င်နိုးထလာသလို၊ ပန်းပွင့်လေးတွေ ညှိုးရော်နေရာမှ ရေစင်ပက်ဖြန်းလို့ လန်းဆန်းလာရသလို အလွမ်းဒဏ်ကြောင့်ရခဲ့သည့် ဒဏ်ရာများလည်း တစ်နေ့ထက် တစ်နေ့ ကျက်လို့လာခဲ့သည်။
“ခြံထဲမှာ ကိုယ်နဲ့ လေ့ကျင့်ခန်းတူတူလုပ်ရအောင်”
ဆိုင်ပတ်ရက်မို့ အနားယူနေတဲ့ ဆော့ဂျင်ဟာ ဧည့်ခန်းကဆိုဖာပေါ်မှာ ခြေကားယား လက်ကားယားလေး။ ကာတွန်းရုပ်လေးတွေပါ၀င်တဲ့ အပြာရောင် Pajamas လေးကို ၀တ်ဆင်ထားတာမို့ လူပုံစံက ကလေးလိုလို။
“မလုပ်ဘူး .. ကိုယ်လက်တွေနာလိမ့်မယ်”
ပြန်သာပြောသော်လည်း အနားမှာ မတ်တပ်ရပ်ပြီး ခေါ်နေသူကို မျက်လုံးလေးပင် ဖွင့်ကြည့်ဖော်မရ။ အနှစ်နှစ် အလလ မအိပ်ခဲ့ရသူလို အားကြိုးမာန်တက်ကို အိပ်ဖို့ကြိုးစားနေတာဖြစ်သည်။
“လာပါကွာ .. တစ်ချိန်လုံး အိမ်နဲ့ ဆိုင် ဆိုင်နဲ့အိမ် ဒါနဲ့ပဲ လည်နေတာ ဘယ်မှာ အားကစားလုပ်ချိန်ရှိလို့လဲ .. ပိတ်ရက်လေး အညောင်းပြေ အညာပြေ လမ်းလျှောက်ထွက်ကြမယ်လေ ..”
ဆော့ဂျင် လှဲနေသည့် ဆိုဖာ၏ ဘေးလွတ်သည့်နေရာတွင် ၀င်ထိုင်ရင်း ဆွယ်တရားဟောနေသော်လည်း အပျင်းတစ်လေးကတော့ နည်းနည်းလေးမှ စိတ်၀င်စားဟန်မပြ။ ဘယ်လိုပဲခေါ်ခေါ် မရတာ သေချာတော့မှ ဂျောင်ကုလည်း Bam လေးခေါ်ကာ သွားရတော့သည်။
အထိုက်အလျှောက်ကြာခဲ့သည့် နှစ်များအတွင်း ဆော့ဂျင်၏ အပြုအမူလေးတချို့ ပြောင်းလဲသွားသည်ဟု ထင်မိသည်။
အရင်ချိန်တွေတုန်းက အရွဲ့တိုက်၊ ဂျစ်တိုက်၊ ဇတ်ဇတ်ကြဲ ခေါင်းကြောမာလေး ဆော့ဂျင်က ခုတော့ အေးတိအေးစက်လေး ဖြစ်လို့နေပြန်သည်။ အချစ်တွေ မအေးခဲသွားဘူးဆိုတာ သိသော်လည်း ဒီလိုမျိုးတော့ မဟုတ်သေး။
ဂျွန်ဂျောင်ကု ဆိုတာကလည်း ကင်မ်ဆော့ဂျင် အနိုင်ယူ၊ ဗိုလ်ကျတာ ခံယူဖို့ မွေးဖွားလာတယ် ပြောရမလို။ သူလေးများ ငြိမ်နေရင် ကိုယ့်စိတ်မှာ တစ်ခုခုလိုနေသလို မရိုးမရွ။
YOU ARE READING
Along With The Rain ☔
Fanfictionချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ကောင်လေးရယ် ချစ်နေပေမယ့် ဖွင့်မပြောဖြစ်တဲ့သူရယ် အချစ်ဆိုတာ တကယ်မရှိဘူးလို့ လက်ကိုင်ထားတဲ့ကောင်လေးရယ် ကိုယ်ရယ် မင်းရယ် သူရယ် ... Jeon Jung Kook x Kim Seok Jin x Ken