"တော်တော့ .. မင်းဖယ်"
အလံဖြူထောင်တာကို ကျေအေးပေးပြီ ထင်မိပေမယ့် ငံ့လင့်နေခဲ့မိတဲ့ အကြင်နာရိပ်တွေကိုကား နည်းနည်းလေးတောင် မမြင်ရ။ တကယ်ဆို အားငယ်နေသူကို ယုယုယယ ထွေးပွေ့ထားသင့်တာ မဟုတ်ဘူးလား?
ခုလို ၀တ်ကျေတန်းကျေ ဂရုစိုက်တာမျိုးကိုတော့ သေးသေးလေးတောင်မလိုချင်ပါ။ ၀မ်းနည်းလွန်းလို့ ရင်တွေ ကွဲလဲကွဲပါစေ.. အံကြိတ်ခံလိုက်မည်သာ။
ဆံပင်တွေ ခြောက်အောင်သုတ်ပေးနေသည့် ဂျောင်ကုလက်တွေထဲက ရုန်းထွက်ကာ ရေမခြောက်သေးသည့် ဆံပင်စိုစိုတွေဖြင့်ပင် အိပ်ယာထဲသို့ ပြေး၀င်မိသည်။
အမြင်ကတ်စရာကောင်းလောက်အောင် ကျနေသေးသည့်မျက်ရည်တွေကြောင့်နဲ့တော့ အရှုံးသမား မဖြစ်ချင်မိ။ ဒါကို မှန်တင်ခုံရှေ့မှာ မတ်တပ်ရပ်နေတဲ့သူ မြင်မှာစိုးလို့စောင်ကို ခေါင်းအထိဆွဲခြုံကာ အသံတိတ် မျက်ရည်ဆက်ကျနေမိသည်။
အတန်ကြာသည်အထိ တဖက်က ဘာသံမှ မကြားရသည့်အဆုံး စပ်စုလိုစိတ်ကလေးကြောင့် ခေါင်းလေးဖော်ကြည့်မိတော့ ကုတင်ဘေးနားရောက်နေကာ လက်ကိုပိုက်လျက်ခပ်ပြုံးပြုံးကြီးကြည့်နေသော ရင်တွေမောကာ ချစ်ရသူ။
"ပြောပါဦး .. ဘာတွေများ ဒီလောက်၀မ်းနည်းနေရတာလဲ"
ကျနေဆဲ မျက်ရည်တွေကို လက်မထိပ်လေးဖြင့် ဖိကပ်သုတ်ပေးရင်းဆိုလာတော့ နဂို ၀မ်းနည်းစိတ်ခံလေးက တဖန် ကြီးစိုးလာပြန်ကာ တအိအိဖြင့် ရှိုက်ငိုမိသည်အထိ။
"ဟောဗျာ .. ချော့လိုက်မှပဲ ပိုဆိုးသွားပြီ ဂျစ်တူးရယ်"
အိပ်ယာပေါ်မှာ ဘေးစောင်းလေးလှဲနေတဲ့ ဆော့ဂျင်ကို ဆွဲထူပေးကာ ရင်ခွင်ထဲထည့်ပြီး ခေါင်းလုံးလုံးလေးကိုပွတ်သပ်ပေးကာ ဂျောင်ကု ချော့ရတော့သည်။
"မင်း ငါ့ကို အကြာကြီး ပစ်ထားတယ် .. "
"ဟုတ်တယ် .. ကိုယ်မှားသွားတာ"
"မင်း ငါ့ကို ၀မ်းနည်းအောင်လည်း လုပ်တယ်"
"ဟုတ်တယ် .. ကိုယ့်ကြောင့်"
"ငါ ဒီလောက်တောင်းပန်နေတာတောင် ငါ့ကို နည်းနည်းလေးတောင်မသနားဘူး .. "
YOU ARE READING
Along With The Rain ☔
Fanfictionချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ကောင်လေးရယ် ချစ်နေပေမယ့် ဖွင့်မပြောဖြစ်တဲ့သူရယ် အချစ်ဆိုတာ တကယ်မရှိဘူးလို့ လက်ကိုင်ထားတဲ့ကောင်လေးရယ် ကိုယ်ရယ် မင်းရယ် သူရယ် ... Jeon Jung Kook x Kim Seok Jin x Ken