Along With The Rain ☔ - 2

2K 237 12
                                    

"မင်း တော်တော့ ဂျောင်ကု"

ဆော့ဂျင် ပြောရင်းက ဂျောင်ကုလက်ထဲက ဆေးခြောက်ထုပ်ကို ဆွဲလုပစ်သည်။ "ကျောင်းတက်ရမှာမို့ ဒီရက်ပိုင်း မသုံးပါနဲ့ဦး" ဆိုတာကို ဒီလူဟာ ဘယ်လိုမှ ပြောမရခဲ့။

လူကိုကြည့်တော့ မျက်အိမ်တစ်ခုလုံး ရဲရဲနီနေပီး ဆေးရှိန်ဖြင့် ကွဲပြဲကာ စွတ် High နေသည်။ ဂျောင်ကုရဲ့ ဒီပုံစံကို သူကြည့်မရတော့တာမို့ ထုရိုက်ကာ မေး‌ရိုးကို ဆွဲထိုးလိုက်သည်။

"ခွပ်"

"အ့"

"အဟတ်"

နာကျင်သွားပုံပင်မရသည့် ကုတင်ပေါ်ကလူက သူ့ကို လှောင်လို့ပင် ရယ်နေသေးသည်။ ဒေါသအရှိန်ကမသေသေးတာကို ဒီလိုမခန့်လေးစားလုပ်လို့ ဆော့ဂျင် ကုတင်ပေါ်တက်ကာ ကုတင်ခေါင်းရင်းကို ကျောမှီနေတဲ့ ဂျောင်ကုကိုယ်ပေါ်ကို ခွကာ ထပ်ထိုးဖို့ လုပ်သည်။

"မင်းကများ ငါ့ကို .. အင့်"

ဂျောင်ကုရဲ့ပါးရိုးကို ချိန်ရွယ်ပြီးထိုးဖို့ လက်သီးကို ရွယ်နေတုန်းမှာ ဆော့ဂျင် ခန္ဓာကိုယ်ကို ကိုယ်ပေါ်က တပတ်လှိမ့်ချကာ ဂျောင်ကု အုပ်မိုးလိုက်သည်။

"ဒီရက်ပိုင်း စိတ်တွေ တအားကြီးလာတယ်နော် မင်း"

ရီဝေဝေ မျက်လုံးတွေနှင့် အမြင်ကတ်စရာကောင်းအောင် သူ့မျက်နှာတစ်ခုလုံးကို အသေးစိတ်ကြည့်သည်။ လက်ဖဝါး အေးအေးဖြင့် ပါးပြင်တွေကို ပွတ်သပ်နေပီး အောက်နှုတ်ခမ်းပါးကို လက်မနဲ့ လက်ညှိုးသုံးကာ ဖိဆွဲနေသည်။

ပြန်တွန်းထုတ်လည်း နည်းနည်းလေးတောင် မရွေ့သွားသည့် ခန္ဓာကိုယ်ကြီးသည် ဘာစားပီး အားတွေရှိနေသည်မသိ။

"ဖယ် မင်း .. ငါ့ပေါ်ကဆင်း"

ပြောတော့လည်း ပြုံးတုံ့တုံ့လုပ်ကာ ပိုလို့ပင် တိုးဖက်လာသေးသည်။ ဆော့ဂျင် မျက်မှောင်ကြုံ့ကာ စိုက်ကြည့်လိုက်တော့ ပါးချိုင့်မပါသော ပါးပြင်က အကြောင်းတွေပေါ်လာအောင် ထရယ်သည်။

"မင်းကလေ ဘာကောင်လေးလဲ မသိဘူး.. စိတ်ဆိုးနေတဲ့အချိန်တောင် ချစ်စရာကောင်းတယ်"

Along With The Rain ☔Where stories live. Discover now