Along With The Rain ☔ - 9

1.5K 204 47
                                    

“မင်း တကယ်ပြောနေတာလား ဂျောင်ကု? ဟမ်?”

ငြင်းလိုက်စမ်းပါ။ “မဟုတ်ဘူး မင်းကို သပ်သပ် အပျော်စ,နေတာ” လို့ ပြောလိုက်စမ်းပါ ဂျောင်ကုရယ်။

“Sorry ငါတောင်းပန်တယ်။ ကာစီနိုဘက် မရောက်တာကြာတော့ စိတ်က ဘယ်လိုမှထိန်းမရဘူးဖြစ်သွားတယ်။ အစပိုင်းက အပျော်လောက်ပဲ ဆော့နေရင်းက တဖြည်းဖြည်းနဲ့ နိုင်ချင်စိတ်များလာတော့ ဖိလိုက်ရင်းက ပါကုန်တာ”

ဆော့ဂျင် ဒေါသကြောင့် ဆွဲဆုပ်ထားမိတဲ့ ဂျောင်ကုရင်ဘတ်ပေါ်က အင်္ကျီစ‌ကို ဖြေလျှော့ပြီး လွှတ်ပေးလိုက်သည်။ သူ့ကို နှစ်သိမ့်ဖို့လာနေတဲ့ မျက်နှာငယ်နှင့်လူ၏ ရင်ဘတ်ကိုဆောင့်တွန်းပြီး အိပ်ခန်းထဲပြေး၀င်ကာ တံခါး Lock ချထားလိုက်သည်။

ကုတင်စွန်းမှာ၀င်ထိုင်မိရင်းက လေထဲဆောက်ထားတဲ့ တိုက်အိမ်လေး ပြိုပျက်သွားလို့ သူ့မျက်နှာက ငိုမဲ့မဲ့ဖြစ်နေမယ်ဆိုတာ မှန်ပြေးကြည့်စရာတောင်မလို။

အတူတူနေလာခဲ့တဲ့ကာလတလျှောက် ဘယ်တုန်းကမှ ဒီလို မဆင်မခြင် မလုပ်ဖူးသူက လျှော်ကြေးရထားတဲ့ ဒေါ်လာ ၃၀,၀၀၀ ကျော်ကို တစ်ညထဲနှင့် ကာစီနိုမှာ အကုန် ပုံအောသုံးခဲ့ပါသည်ဟု ဆိုလာသည်။

ဒါကိုမသိပဲ သူကတော့ ဒီရက်ပိုင်း အတွေးတွေရွက်လွှင့်ကာ စိတ်ကူးနှင့်ပျော်နေခဲ့မိသည်။

မကြာခင်မှာ ကျောင်းပြီးကြတော့မယ့်သူတို့နှစ်ယောက်အတွက် နယ်မြို့လေးမှာ ခြံ၀န်းကျယ်ကျယ်လေးတစ်ခု ၀ယ်ယူမည်။ စက်ပစ္စည်းတွေ စိတ်၀င်စားပြီး ဝါသနာပါသော ကောင်လေးအတွက် ၀ပ်ရှော့သေးသေးလေးတစ်ခု အရင်ဆုံးစ,ဖွင့်ကြမည်။

အစားအသောက်နှင့် အချက်အပြုတ် ဝါသနာပါသော သူ့အတွက်ကတော့ Noodle Shop လေးတစ်ခုလည်း တွဲလျက်ဖွင့်ဦးမည်။ သူတို့နှစ်ယောက်အပိုင်ဖြစ်လာမယ့် ဒီခြံ၀န်းကျယ်ကျယ်လေးထဲမှာ စိတ်ကူးပေါ်ရင် ပေါ်သလို သီးပင် စားပင်လေးတွေ ဟိုနေရာ ဒီနေရာ စိုက်ပျိုးကြမည်။

တခါ‌တလေလည်း ပန်းရောင်စုံလေးတွေ စိုက်ဖြစ်လိမ့်ဦးမည်။ မပြည့်စုံခဲ့တဲ့ အတိတ်တွေကို ဒီလိုမေ့ဖျောက်ပြီး ၂ယောက်တူတူ အေးအေးချမ်းချမ်း နေသွားကြဖို့ စိတ်ကူးထားသည်။

Along With The Rain ☔Where stories live. Discover now