1

1.8K 157 3
                                    

Unicode

" ဒီမှာကြည့်ပါအုံး "

ကျန်တဲ့သုံးယောက်ကိုလှမ်းခေါ်ရင်းနဲ့ သူ့ရှေ့က ကားအနီလေးကို ကင်မရာနဲ့သေခြာချိန်ကာ ခပ်ရေးရေးမြင်ရတဲကားအတွင်းပိုင်းထိကို ရိုက်နေလိုက်တော့သည်။

နှစ်တွေကြာမြင့်စွာရပ်ထားခံရတဲ့ ကားအနီလေးဟာ အပြင်ဘက်ကဖုန်တွေအပြင် အတွင်းဘက်မှာ မှန်တွေကိုရေခိုးရိုက်​နေတာကြောင့်အထဲကိုကောင်းကောင်းမမြင်နိုင်။

" ဝါး... မိုက်လှချည်လား "

ကင်မရာ အကြီးကိုကိုင်ထားတဲ့ Taehyung က ကားတစ်စီလုံးကိုသေချာပတ်ကြည့်ပြီး သဘောကျနေတော့တယ်။

" Rover 100 series ထဲကနေမယ်။ 1985 1990 ဝန်းကျင်လောက်ကထုတ်တဲ့ဟာတွေထဲကပေါ့ "

သူ့ဘေးနားလာရပ်တဲ့ Jungkook က ကားကိုတစ်ချက်ကြည့်ပြီးပြောလာတော့သည်။
ကားအဟောင်းတွေသဘောကျတက်တဲ့ jungkook က ကားတွေကြည့်လိုက်ရုံနဲ့ ဘယ်အမျိုးအစားထဲကလဲဆိုတာ ချက်ချင်းသိတယ်။

" ကဲ အထဲအရင်ဝင်ရအောင် ငါ့ကောင်တို့ရေ "

ခပ်လှမ်းလှမ်းကနေလှမ်းခေါ်လိုက်တဲ့ Joon အသံကြောင့် သုံးယောက်သား ကားအနီလေးနားကခွာကာ မြင်လိုက်ရတဲ့အိမ်ကြီးစီသို့လှမ်းလိုက်တော့သည် ။

နှစ်ပေါင်း ၃၀ လောက်လူမနေတဲ့ နှစ်ထပ်အိမ်ကြီးဟာ နည်းနည်းတော့ခြောက်ခြားဖွယ်ကောင်းတယ်။ အိမ်ကြီးရဲ့တစ်ချို့နေရာမှာ သစ်ပင်တစ်ချို့တောင်အမြစ်ကောင်းကောင်တွယ်ပြီး ​နံရံကနေ နွယ်ပင်တစ်ချို့ကတောင် အုပ်အုပ်မှိုင်းမှိုင်းကျနေတယ်။

" ဒီနေရာကတော့ အမေရီကန်တောင်ဖက်ပိုင်းမှာရှိပြီး မြို့တွေနဲ့အလှမ်းဝေးဝေးမှာရှိတဲ့နေရာလေးပါ။ လူသူကင်းမဲ့တဲ့နေရာမှာဆောက်ထားခဲ့ပြီးတော့ နှစ်ပေါင်း ၈၀လောက်သက်တမ်းရှိပြီဖြစ်တဲ့အိမ်ကြီးတစ်လုံးပေါ့ ။ စိတ်ဝင်စားဖို့ကောင်းတယ်ကြားလို့ ဒီနေရာထိအောင်ရောက်လာပြီး လာလေ့လာမိတယ် ခင်ဗျားတို့လည်းကြိုက်နှစ်သက်မယ်လို့မျော်လင့်ပါတယ်။ လာ အိမ်ထဲဝင်ကြည့်ရအောင် "

သူစကားပြောနေတာကို အစကနေအဆုံးထိ သေချာချိန်ပြီးရိုက်ပေးနေတဲ့ Jungkook က ခေါင်းငြိမ့်ပြတော့မှ သူအိမ်ထဲကို ဝင်လာလိုက်တော့တယ်။

FLOOR 13Where stories live. Discover now