6

522 114 8
                                    

Unicode

" Jungkook "

ခေါ်သံတိုးတိုးလေးဆိုပေမယ့် သူနားစည်ကိုခပ်ပြင်းပြင်းရိုက်ခတ်လာတာကြောင့် အိပ်ပျော်နေရင်းနဲ့ ငေါက်ခနဲ ထထိုက်လိုက်မိသည်အထိပင်။ ဘေးဘက်ကိုကြည့်လိုက်တော့လွတ်နေတဲ့နေရာလေးကြောင့် ရင်ထဲတွင်ထိပ်ခနဲဖြစ်သွားကာ ဘေးနားကဓာတ်မီးကိုယူပြီး အပြင်ထွက်ကြည့်လိုက်တယ်။ နာရီကိုတစ်ချက်ကြည့်လိုက်တော့ ၁၂:၁၃ မိနစ်...

Tent အပြင်ဘက်တွင်ထွန်းထားသော မီးသီးသေးသေးလေး အလင်းရောင်ကြောင့် ဘေးပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်တော့ လေတိုးသံသဲ့သဲ့ကလွဲပြီး အရာအားလုံးဟာတိတ်ဆိတ်​ငြိမ်သက်နေတယ်။ ဒီလိုနေရာတွေသွားတဲ့အခါ အပေါ့အပါးသွားရင်တောင် နှစ်ယောက်သွားရမယ်ဆိုတဲ့ သူတို့စည်းကမ်းကြောင့် Jimin ကတစ်ယောက်တည်း ထွက်သွားတာတော့လုံးဝမဖြစ်နိုင်။ ဒီလိုနေရာမျိုးမှာ ယောင်ပြီးလျှောက်သွားနေတာဆိုရင်တော့ အန္တရာယ်များလွန်းလှသည်။

" Taehyung... Joon... ထစမ်း ဟေ့ကောင်တွေ Jimin ပျောက်နေတယ် "

ဘေးက Tentကို ချက်ချင်းဆွဲဖွင့်က ခေါ်နိုးလိုက်တော့ အိပ်ပျော်နေတဲ့နှစ်ယောက်သာက ဝူးဝူးဝါးဝါးနဲ့ထလာကာ ဓာတ်မီးတွေ ဖုန်းတွေဆွဲပြီးချက်ချင်းထွက်လာကြတယ်။

" ဘယ်လိုဖြစ်တာလဲ၊ ဟိုတစ်ခါလိုထပ်ဖြစ်တာလား "

" ဟုတ်မယ်ထင်တယ်၊ ငါနည်းနည်းပင်ပန်းပြီး သတိလက်လွတ်ဖြစ်သွားတာကွာ၊ အခုမြန်မြန်ရှာမှဖြစ်မယ် "

Taehyung အမေးကို သူစိတ်လှုပ်ရှားစွာနဲ့ခပ်ဆက်ဆက်ဖြေလိုက်မိတယ်။

" လူခွဲရှာမယ်၊ ဖုန်းပါယူသွားတစ်ခုခုဆို ဆက်ပြီး ပြောရအောင် "

သူတို့ထက် စိတ်မြန်လက်မြန်ရှိတဲ့ Joon ကရှေ့ကနေ အရင်ထွက်သွားတော့တယ်။ သိပ်မကြာခင်မှာဘဲ တောင်ပေါ်မြို့လေးမှာ နာမည်ခေါ်သံတစ်ချို့က ဆူညံစွာပျံလွင့်လာတော့သည်။

နေရာတော်တော်များများ ပတ်ရှာအပြီးမှာ ဆေးရုံပျက်နားကိုရောက်လာခဲ့တယ်။ ဆေးရုံကနေတဆင့်မြင်နေရတဲ့ တောင်စောင်းပေါ်က အိမ်ကြီးစီအကြည့်ရောက်သွားမိတဲ့အခါ စိတ်ရဲ့စေ့ဆော်မှုတစ်ချို့က ထိုအိမ်ကြီးစီကိုသွားကြည့်သင့်တယ်လို့ ခံစားရလေတော့ ခြေလှမ်းတို့ကို အရှိန်တင်ကာ အမြန်ပင်သွားလိုက်တော့သည်။

FLOOR 13Where stories live. Discover now