11

484 106 20
                                    

Unicode

" Jimin "

မျက်နှာကို တို့ထိတို့ထိလုပ်နေတဲ့အထိအတွေ့တွေကြောင့်သူနိုးလာခဲ့တယ်။ မျက်လုံဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက သူမျက်နှာပေါ်ကိုငုံ့မိုးကြည့်နေတဲ့ နှစ်နှစ်အရွယ်ကလေးငယ်လေးတစ်ယောက် အညိုရောင်ဆံပင်ကောက်ကောက်လေးနှင့် မျက်တောင်လှလှလေးရှိတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေကြောင့် အရုပ်လေးလိုပင်။

ရင်းရင်းနှီးနှီး ဖြစ်နေတဲ့မျက်နှာလေးကိုကြည့်ရင်း မေးစေ့မှာရှိတဲ့ အမှတ်လေးစီ မျက်စိရောက်သွားတဲ့အချိန်မှာပဲ ထိုကလေးက သူ့ပါးလေးကိုလက်ညှိုးနဲ့ထိုးကာ သွားလေးတွေပေါ်တဲ့အထိ ဟီးခနဲ ရယ်ပြလာတယ်။

ဝုန်း~

" Kelly! "

တံခါးခပ်ကြမ်းကြမ်းတွန်းဖွင့်သံနဲ့အတူ ကျယ်လောင်စွာအော်ဟစ်သံကြောင့် သူလှဲနေရာမှ ဆက်ကနဲ ကောက်ထကာထိုင်လိုက်မိတယ်။ အခုမှပတ်ဝန်းကျင်ကို သတိတရကြည့်မိတော့ ကြက်သွေးရောင်ပေါ်မှာရွှေရောင်ပန်းကနှုတ်တွေပါတဲ့ဆိုဖာခုံတွေရယ် နှစ်ယောက်အိပ်ကျွန်းကုတင်ကြီးရယ်သာ...။ ဘေးနားကစားပွဲပေါ်မှာတင်ထားတဲ့ ဖုန်းနဲ့ ထောင်ထားတဲ့ Guest service ဆိုတဲ့ စာအုပ်လေးကြောင့် ဒီနေရာက ဟိုတယ်အခန်းတစ်ခုထဲမှာပဲဆိုတာသေခြာသိလိုက်ရတယ်။

ခွမ်း~

တစ်စုံတစ်ခုကျကွဲတဲ့အသံကြောင့်အာရုံတို့က ထိုအသံလာရာစီသို့...

" ငါ... မင်းကိုအရမ်းစိတ်ပျက်တာပဲ Kelly "

" တောင်းပန်ပါတယ် "

" ဘာကို တောင်းပန်တာလဲ၊ နောက်တစ်ယောက်နဲ့ဖောက်ပြန်တာကိုလား ဒါမှမဟုတ် မင်းတို့ကုတင်ပေါ် တက်နေတာကို ကလေးကိုပြမိလို့လား "

အပြာနုရောင် ဘလောက်စ်အင်္ကျီနှင့် အရောင်တူ ဒူးဖုံးစကပ်အကျပ်လေးဝတ်ထားပြီး ရွှေရောင်ဆံပင်အခွေအလိပ်ကြီးတွေနှင့် Kelly ဆိုတဲ့မိန်းမပုံစံက အရင်ခေတ်ကမင်းသမီးတွေလိုလှလှပပလေး ဒါပေမယ့်  ပျက်ယွင်းနေသောမျက်နှာနဲ့ ခုံပေါ်ထိုင်ချပြီးတောင်းပန်စကားကိုသာ တစ်တွတ်တွတ်ဆိုနေလေသည်။

FLOOR 13Where stories live. Discover now