5

562 108 6
                                    

Unicode

သတိပေးစာကပ်ထားတဲ့ သံဗန်းတံခါးကြီးကိုကျော်လာပြီး တောင်ဘေးပတ်လမ်းပုံစံမျိုးဖောက်ထွင်းထားတဲ့ တောင်တက်ကားလမ်းအတိုင်း နာရီဝက်လောက်လျှောက်အပြီးမှာ တောင်ရဲ့သုံးချိုးနှစ်ချိုးနေရာကိုရောက်လာခဲ့တယ်။ တောင်ထိပ်မှာရှိတဲ့မြို့ အဝင်အဝရဲ့ ဆိုင်းဘုတ်လေးကို စတွေ့လိုက်ရပြီး ခပ်လှမ်းလှမ်းမှာအဆောက်အဦးတစ်ချို့ကိုလည်းမြင်နေရတယ်။

" ဒီနေရာကနေ စပြီး ရိုက်ကြတာပေါ့ "

Taehyung ကစကားပြောရင်း အိတ်ထဲကနေ ပစ္စည်းတွေထုတ်နေတာကြောင့် Joon နဲ့ သူကပါ လွယ်အိတ်ထဲမှာပါလာတဲ့ Camera ကိုယ်စီကိုထုတ်လိုက်ကြတယ်။ ကင်မရာကို တစ်ခါတည်းအလင်းအမှောင်ချိန်ကာ ​တစ်ဖက်ကမြင်နေရတဲ့ တောင်ရဲ့ အနိမ့်အမြင့်ကြောင့် အထပ်ထပ်ဖြစ်နေတဲ့ အဆောက်အဦးတွေကိုရော နောက်တစ်ဖက်ခြမ်းမှာရှိတဲ့ တောင်အောက်ဘက်ကရှုခင်းတွေကိုရော စပြီးမှတ်တမ်းထင်ထားလိုက်တယ်။

ထုံးစံအတိုင်း သူ့ကင်မရာကို Jimin ဘက်ကိုလှည့်ကာ...

" Jimin ssi အခုရောက်နေတဲ့ နေရာလေးအကြောင်းပြောပြပါအုံး "

" အခုရောက်နေတဲ့ နေရာကတော့ အီတလီအလယ်ပိုင်းဒေသမှာရှိတဲ့တောင်ပေါ်မြို့လေးတစ်မြို့ပါ၊ ကြီးကျယ်ခမ်းနားပြီး အရမ်းလှပတဲ့မြို့လေးဆိုပေမယ့် လူတစ်ဦးတစ်ယောက်မှရှိမနေလို့ တစ္ဆေမြို့တော်လို့တင်စားပြီးခေါ်ဝေါ်ကြတယ်၊ မြို့နာမည်ကတော့ ကိုယ်တွေရဲ့စည်းကမ်းအတိုင်းပြောလို့မဖြစ်ပါဘူးလို့၊ လာ... ရှေ့မှာဘယ်လောက်လှလည်းသွားကြည့်ရအောင် "

သူအရှေ့ကထွက်သွားပြီး အလယ်မှာ ရေပန်းအသေးလေးနှင့် အဝိုင်းပုံစံ ရင်ပြင်ပုံသဏ္ဍာန်ရှိတဲ့ နေရာနားရောက်တော့ရပ်လိုက်မိတယ်။ ဒီနေရာကမြို့ရဲ့ အထင်ကရနေရာဖြစ်လောက်တယ် ဘယ်ဘက်ခြမ်းကိုကြည့်လိုက်ရင် တောင်ကမ်းပါးဘက်ကနေမြင်ရတဲ့ရှုခင်းလေးကရင်သက်ရှုမောဖွယ်ပင်။ ခပ်ဝေးဝေးမှာမြင်နေရတဲ့ အဆောက်အဦးသေးသေးလေးတွေက Rieti ​မြို့ကြီးပင်ဖြစ်လိမ့်မည်။ ညာဘက်ချမ်းမှာတော့ တောင်ထိပ်ကျဥ်းကျဥ်းလေးမှာ နေရာအထားအသို ကွက်တိနဲ့တည်ဆောက်ထားပါသော ​တောင်ပေါ်မြို့ငယ်လေး...

FLOOR 13Where stories live. Discover now