Unicode
" Jimin စီကအဆက်အသွယ်ရသေးလား "
ခေါက်ဆွဲခြောက်ဘူးတွေ တစ်ပွေ့ကြီးပိုက်ကာ ဝင်လာတဲ့ Taehyung ကမေးတော့ Jungkook ခေါင်းသာခါပြလိုက်တယ်။သူ့မျက်လုံးတွေကတော့ laptop ကနေမခွာ တစ်ခုခုကိုသဲကြီးမဲကြီးနဲ့ကိုရှာနေမိတယ်။
" တွေ့ပြီ "
သူထအော်လိုက်တော့ Taehyung ရော Namjoonရော သူ့နားကိုပြေးလာကာ...
" ဘာတွေ့လဲ "
" အခုလက်ရှိ အဲ့ Hotel ရဲ့ပိုင်ရှင်က Ming ban ဆိုတဲ့တစ်ယောက် ငါတို့ရောက်တဲ့နေ့မှာပဲတွေ့ခဲ့သေးတယ်၊ ငါတို့ကိုနှင်ထုတ်တဲ့တစ်ယောက်က သူ့လက်အောက်က သူ့မန်နေဂျာ... နာမည်က Abu Baker တဲ့၊ မီးလောင်မှုတုန်းကဆုံးသွားတဲ့ အရင်ပိုင်ရှင်နဲ့ အခုလက်ရှိသူဌေးနဲ့က ငယ် သူငယ်ချင်းတွေ အဲ့တုန်းက အရင်သူဌေး ပြီးရင် သူကရှယ်ယာအများဆုံးပဲ "
သူ့စကားကို Joon ကခေါင်းတငြိမ့်ငြိမ့်ထောက်ခံကာ...
" ငါရှာတုန်းက... မီးလောင်မှုဖြစ်တုန်းက ရှယ်ယာရှင်အစီးအဝေးလုပ်နေတာလို့ပြောတယ်၊ ဒါပေမယ့် မီးလောင်မှုမှာ Ming Ban ဆိုတဲ့သူကဘာလို့မပါတာလဲ... သူလဲရှယ်ယာရှင်ပဲမဟုတ်ဘူးလား "
" ဒါဆိုမီးလောင်မှုကမတော်တဆမှုမဖြစ်နိုင်ဘူး "
" မီးလောင်မှုမဖြစ်ခင်ရှေ့ပိုင်းထဲက အလုပ် လုပ်ခဲ့တဲ့ဝန်ထမ်းတွေလဲမရှိတော့ဘူးပြောတယ်၊ အခုလက်ရှိသူဌေးနဲ့ မန်နေဂျာကလွဲပြီးပေါ့ "
" အဲ့ဒါဆို အရင်လူတွေပြန်ရှာကြည့်သင့်လား "
" အဲ့တာတော့ခက်မှာ Jungkook... နှစ်ပေါင်း ၂၀ ကျော်မှာ ဟိုတယ်တစ်ခုရဲ့ဝန်ထမ်းတွေပြန်ရှာဖို့ဆိုတာလွယ်တာမဟုတ်ဘူး "
ဖြောင်း...
Jungkook နဲ့ Joon စကားကောင်းနေတုန်းမှာပဲ သူ့ပေါင်ကိုသူရိုက်ကာ ဆက်ကနဲထလိုက်တဲ့ Taehyung ကြောင့် သူတို့နှစ်ယောက်လုံးမော့ကြည့်လိုက်မိတယ်။
" မေးလို့ရမယ့် လူတစ်ယောက်တော့ရှိတယ် သေချာသိရမလားမပြောတက်ပေမယ့် ရသလောက်ပေါ့ "
" ဘယ်သူလဲ "
" လှေကားက ဦးလေးကြီးလေ "
◼ ◼ ◼ ◼ ◼ ◼ ◼ ◼ ◼ ◼ ◼ ◼ ◼ ◼ ◼
