Unicode
" ဒီတစ်ခေါက်ရောဘယ်လဲ "
သူပျင်းရိစွာနဲ့ ကြမ်းပေါ်မှာလှဲချကာ ထုံးစံအတိုင်း laptop တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ Joon စီလှမ်းမေးလိုက်တယ်။
" Asia ဘက်ကိုပြန်လှည့်ကြတာပေါ့။ ဒီတစ်ခေါက်ရှာတွေ့တဲ့ထဲမှာ စိတ်ဝင်စားဖို့နည်းနည်းကောင်းတာရှိတယ် "
" ဘယ်လို စိတ်ဝင်စားဖို့ကောင်းတာလဲ "
" ထိုင်းနယ်စက်ဘက်က ရွာလေးတစ်ရွာဘဲ တစ်ရွာလုံးကျိန်စာသင့်နေတယ်ပြောတယ်။ ပြီးတော့အဲ့နားတစ်ဝိုက်မှာ နှစ်ပေါင်းရာကျော် နေတဲ့ ဘုန်းကြီးကျောင်းပျက်ရှိတယ်ပြောတာဘဲ "
" သာမာန် ကြားနေကျ ပုံစံမျိုးပါဘဲ "
" ဒီမှာကြည့် "
သူ ခပ်ပေါ့ပေါ့ပြောလိုက်တော့ Joon က သူ့ Laptop ကြီးကို သူ့ဘက်လှည့်ကာကြည့်ခိုင်းလာတော့တယ်။ screen ပေါ်မှာပထမဆုံးမြင်လိုက်ရတာက သတင်းတစ်ပုဒ်...။ အဲ့ရွာကိုသွားပြီးနောက်ပိုင်း သေဆုံးသွားတဲ့ သူတွေအကြောင်းကို blog တစ်ခုကနေစိတ်ဝင်စားဖွယ်ကောင်းအောင်အသေးစိတ်ရေးထားခြင်းပင် ။
" ဖြစ်နိုင်တယ်ထင်လား။ တိုက်ဆိုင်တာလည်းဖြစ်နိုင်တာဘဲကို စဥ်းစားကြည့်ပါအုံးသွားပြီးချက်ချင်းသေသွားကြတာမျိုးမှမဟုတ်တာ လ တော်တော်ခြားပြီးမှဖြစ်ကြတာချည်းဘဲ "
" တခြားဟာမထူးဆန်းပေမယ့် ထူးဆန်းတာက အဲ့မှာရှိတဲ့ခေါင်းလောင်းကြီး အဲ့ခေါင်းကို တီးမိတဲ့သူတွေအကုန် သေရင်သေ မသေရင်ပျောက်ကွယ်ကုန်ကြတာချည်းဘဲ "
" နည်းနည်းတော့စိတ်ဝင်စားသွားပြီ "
" အခုအဲ့နေရာက လူတော်တော်များများပါးစပ်မှာ hit ဖြစ်နေတာကွာ ငါတို့သွားမယ်ဆိုရင် အနည်းနဲ့အများတော့လူစိတ်ဝင်စားမှာဘဲ "
" OK လေ။ Jungkook တို့ပြန်လာရင် တိုင်ပင်ပြီးသွားကြတာပေါ့ "
Joon ပါးစပ်ကသွားလို့အဆင်ပြေတယ်ဆို သိပ်စောဒကမတက်ဘဲ သွားလိုက်ကြတာများသည်။ ဒီအလုပ်စလုပ်ထဲက သွားခဲ့တဲ့ ထူးထူးဆန်းဆန်းနေရာတွေအကုန်ကို Joon ကဘဲ ရှာပေးခဲ့တာ။
![](https://img.wattpad.com/cover/291039014-288-k637591.jpg)