7

709 118 12
                                    

Unicode

ကုတင်ပေါ်မှာအိပ်မောကျနေတဲ့ Jimin ကိုစောင်လေးဆွဲခြုံပေးလိုက်ပြီး အခန်းထဲကထွက်လာခဲ့တော့တယ်။

" Jimin အိပ်သွားပြီလား "

" အင်း... "

သူထွက်လာတာတွေ့သည်နှင့် လှမ်းမေးလာသော Joon အမေးကို ခေါင်းညိတ်ပြလိုက်ကာ ရေခဲသေတ္တာထဲက ဘီယာတစ်ဘူးကိုဆွဲယူလိုက်ပြီး ဧည့်ခန်းမှာထိုင်နေတဲ့ Joon နဲ့ Taehyung စီကို ဦးတည်လိုက်တော့တယ်။

" ဘယ်လိုလဲ၊ အဆင်ပြေခဲ့လား "

" ပြေပါတယ်၊ ငါတို့အစီအစဥ်အတိုင်းဘဲသွားခဲ့တာဆိုတော့ လျောလျောရှူရှူပါဘဲ "

" အင်း "

" ဒါနဲ့ Jimin အခြေအနေ "

" ဒါဏ်ရာတွေကတော့အကုန်ပျောက်သလောက်ဖြစ်နေပါပြီ၊ အိပ်မွေ့ချကုထုံးနဲ့ စကုတာကလည်း နှစ်ခါရှိနေပြီဆိုတော့ နည်းနည်းအဆင်ပြေလာပါတယ် "

" ဆရာဝန်ကရော ဘာပြောလဲ "

" စိတ်ဖိစီးမှုများတာကြောင့်ရော ငါတို့အလုပ်အကိုင်နဲ့ပတ်သက်ပြီး သူစိတ်စွဲတာမျိုးကြောင့်ရောဖြစ်နိုင်တယ်ပြောတယ် "

" Jimin ကရော "

Joon အမေးကို သူဆက်မဖြေဘဲ နားထင်နှစ်ဖက်ကိုလက်နဲ့ ဖိထားကာ သက်ပြင်းချခိုက်မိတယ်။

" သူတစ်ခုခုကို ဖုံးကွယ်ထားတယ်လို့ခံစားရတယ်၊ အိမ်မက်ကိုမမှတ်မိရင်တောင် သူနိုးနေတဲ့အချိန်မှာဆို တစ်ခုခုကိုမြင်နေရသလိုမျိုး လန့်နေသလိုမျိုးဖြစ်နေတယ် "

" Jimin နဲ့စကားသေချာပြောပြီး မေးမှရမယ် "

" ငါစိတ်ထင့်နေတာတစ်ခုရှိတယ် "

တစ်ချိန်လုံးငြိမ်နေတဲ့ Taehyungစီက ထက်လာတဲ့အသံကြောင့် နှစ်ယောက်သားလှည့်ကြည့်မိလိုက်တော့ စကားဆက်ပြောလာတယ်။

" မင်းတို့ဘယ်လိုခံစားရလဲမသိပေမယ့် နောက်ဆုံးတစ်ခေါက် ထိုင်းသွားတုန်းက ကိစ္စနဲ့ Jimin နဲ့ တစ်ခုခုများပတ်သက်နေမလားလို့ ၊ 21ရာစုမှာ နည်းနည်း အဓိပ္ပါယ်မရှိဘူးဆိုပေမယ့် ငါခံစားချက်ကမကောင်းလို့ "

FLOOR 13Where stories live. Discover now