Unicode
" တစ်နေရာသွားကြမလား "
သူ့ရဲ့ စကားဆုံးသည်နှင့် Jungkookရော ကျန်တဲ့နှစ်ယောက်ပါ စားနေရာမှရပ်ကာ စားပွဲထိပ်မှာထိုင်နေသူ့ကို လှည့်ကြည့်လာကြတယ်။
" ငါတို့နား နေတာကြာပြီမလား အဲ့တာ... "
သုံးယောက်သား စကားမပြောဘဲ ခပ်တည်တည်စိုက်ကြည့်နေတာကြောင့် ပြောနေရင်းနှင့်ပင် စကားတို့ကစွံအသွားရသည်။ သူ မဟုတ်တာများ ပြောမိလိုက်လို့လား...
" အင်း သွားကြတာပေါ့ "
တိတ်ဆိတ်နေတဲ့စကားဝိုင်းကို ဖြိုဖျက်လိုက်သူက Jungkook သာပင်။ Jungkook အပြောကို Joon ကခေါင်းတစ်ညိတ်ညိတ်နဲ့ ထောက်ခံလိုက်ကာ...
" ဟုတ်ပြီ အဲ့တာဆို သွားမယ့်နေရာတစ်ချက်ရှာကြည့်လိုက်အုံးမယ် "
" ငါ တွေ့ထားတဲ့နေရာရှိတယ် "
နည်းနည်းကြာမှပြန်ထွက်ရတဲ့ခရီးအတွက် သူ့မှာအစီအစဥ်ရှိမနေဘဲ ခေါင်းထဲပေါ်လာတဲ့နေရာတစ်ခုကိုသတိရသွားတာမို့ ဖုန်းကိုခပ်မြန်မြန်ဖွင့်ကာ တစ်စုံတစ်ခုကိုရှာဖွေလိုက်တော့သည်။
" ဒီမှာ "
ဖုန်းလေးကိုလှည့်ပြီးပြလိုက်တော့ အကုန်လုံး ရှေ့တိုးကြည့်လာတော့တယ်။
" Hotel 1995 "
" မိုက်တာတော့တော်တော်မိုက်တယ် "
" ဒါပေမယ့်ကြောက်စရာကြီး "
သုံးယောက်လုံးတစ်ယောက်တစ်ပေါက်နှင့်စကားသံများထွက်လာကာ ချက်ချင်းစိတ်ဝင်စားကြောင်းပြလာတဲ့အခါ သက်ပြင်းသေးသေးလေးချလိုက်မိသည်။ တော်သေးတာပေါ့ ခုနကအခြေအနေက ဘာရယ်မသိ သူ့အတွက်နည်းနည်းကြောင်တောင်တောင်နိုင်ခဲ့တာ။
" ဘယ်တုန်းက ရှာလိုက်တာလဲ "
" နည်းနည်းကြာပြီ ဟိုကြည့် ဒီကြည့်လုပ်နေရင်းတွေ့တာ "
Joon အမေးကိုဖြေရင်း သူဆက်ပြောလိုက်တော့တယ်။
" မလေးရှားမှာရှိတာ Hotel က... review သိပ်မကောင်းပေမယ့်လည်း တော်တော်များများသွားကြတယ် "
" ထူးဆန်တာက "
လက်တစ်ဖက်မှာ ခက်ရင်းလေးကိုင်ပြီး တစ်ဖက်ကမေးလေးထောက်ကာမေးလာတဲ့ Taehyung ကို ပြုံးပြလိုက်ပြီး...
![](https://img.wattpad.com/cover/291039014-288-k637591.jpg)