15 (Final)

957 115 30
                                    

Unicode

" ဦးလေးကူညီနိုင်မယ်ထင်တယ် "

" ဘယ်လိုကူညီနိုင်မယ်ထင်တာလဲ... ရှင်းရှင်းလင်းလင်းပြောပါ "

Joon တစ်ယောက်ခပ်မြန်မြန်ပင် ဦးလေးကြီးအနားရောက်သွားပြီးမေးမိလိုက်တယ်။

" အခုဦးလေးမှန်းကြည့်ရသလောက် ပျောက်သွားတဲ့ လူလေးတို့သူငယ်ချင်းနဲ့ ဟိုတယ်က 13ထပ်နဲ့ကဆက်ဆက်မှုရှိနေတာမလား "

" ဦးလေး အဲ့လောက်ထိသိဖို့မလိုပါဘူး၊ ကူညီနိုင်မယ့် နည်းလမ်းသာပြောပါ "

Jungkook တစ်ယောက်စိတ်မရှည်စွာ လေသံမာမာနဲ့ပြောမိတော့ ထိုလူကသက်ပျင်းချပြီး...

" လူလေးတို့ ကိစ္စကိုသေချာသိရမှ ဘယ်လိုအခြေအနေက မှန်လဲဆိုတာ ဦးလေးလည်းသေချာပြောနိုင်မှာမို့လို့ပါ "

" ငါပြောလိုက်မယ် "

Joon က အခုဖြစ်နေတဲ့ကိစ္စတွေမှာ တစ်ချို့ကိစ္စတွေချယ်လှပ်ထားလိုက်ပြီး အကျဥ်းချုံးပြောပြတော့ ဦးလေးကခေါင်းတညိတ်ညိတ်နဲ့နားထောင်တယ်။ ပြီးတာနဲ့ သူ့ဘက်ကနေစကားစလာခဲ့တယ်။

" မီးလောင်မှုဖြစ်ပြီးနောက်ပိုင်း အပေါ်ဆုံးထပ်ကိုပိတ်ထားခဲ့ပေမယ့် အဲ့တုန်းကပြောစကားအရတော့ ခြောက်လန့်မှုမျိုးခဏခဏကြုံကြရတယ်၊ ဘယ်လိုမျိုးလဲဆိုတာဦးလေးလည်းမကြုံဖူးပေမယ့် အရင်ဝန်းထမ်းတစ်ဝက်လောက်ကအဲ့တာတွေကြောင့်အလုပ်ထွက်သွားကြတာများတယ် ပြီးတော့ အဲ့အပေါ်ဘက်တွေက အမှုဖြစ်ပြီး ၆လလောက်ကြာတော့မှ ပြန်ဆောက်ခွင့်ရခဲ့တာ "

ခဏလောက်ငြိမ်သက်သွားတဲ့ဦးလေးက သူတို့ကိုတစ်ချက်ဝေ့ကြည့်ပြီးဆက်ပြောလာတယ်။

" လူလေးတို့အတွက် တစ်မျိုးဖြစ်မလားမသိပေမယ့် အဲ့တုန်းက ဒီမှာအယူသီးတာတွေ သဘာဝလွန်တွေ နတ်တွေကိုးကွယ်ကြပြီးယုံကြည်ကြတာများတယ်၊ ဒီမှာလည်းခြောက်လန့်မှုထပ်မဖြစ်အောင် နတ်ဆရာမအကူအညီယူပြီး အစီအရင်တွေလုပ်ကြသေးတယ် "

" အဲ့တာဆို ဦးလေးပြောချင်တာက အစီအရင်တွေကြောင့်အခုလိုတွေ ပိတ်မိနေကြတာလား... အဲ့တာဆို အဲ့တုန်းက နတ်ဆရာမကိုပြန်ရှာရမှပေါ့ အစီအရင်တွေဖျက်ရအောင်လို့ "

FLOOR 13Where stories live. Discover now