13

480 97 9
                                    

Unicode

" တွေ့ရတာ ဝမ်းသာပါတယ် Jimin "

သူရဲ့အိမ်မက်တွေထဲမှာရော အပြင်မှာမှာ မကြာခဏ သူ့နာမည်ကိုခေါ်နေတက်တဲ့ တီးတိုးခေါ်သံလေး... ​မတူတာကတော့ခြားနားစွာနဲ့ နူးနူးညံ့ညံ့ ခေါ်သံလေးအသွင်ပြောင်းနေတယ်။ ဖြစ်နိုင်တာကတော့ အရင်က ကြောက်စိတ်ကြောင့် ထိုအသံကို နူးညံ့တယ်လို့မခံစားရတာမျိုးဖြစ်မယ်။

" စောင့်နေခဲ့ရတာ "

ထိုသူက စကားတစ်ခွန်းထပ်ပြောကာ သူဘက်ကိုလှည့်ကြည့်လာတယ်။ သူထပ်အံ့ဩရတာက ထိုသူက သူနဲ့ မျက်နှာပေါက် တော်တော်ဆင်နေတာပင်။ သူ့မျက်နှာထက်အနည်းငယ်သေးသွယ်ပြီး နှာတံချွန်ချွန်လေးသာမရှိရင် သူလို့ပင် ထင်ကြမည်ဖြစ်သည်။

" ခင်ဗျားက..."

" အာ... မိတ်ဆက်ရအုံးမှာပဲ။ ကိုယ့်နာမည်က Park Min Jung ပါ "

" ကျွန်တော်က Park Jimin ပါ "

" ဒီအရွယ်တောင်ရောက်လာပြီပဲ "

" ဗျာ "

" ထိုင်ပါအုံး "

သူ နားမလည်စွာ ဖြစ်နေတာကို ထိုသူကပြုံးပြပြီး လသာဆောင်ကခုံလေးကို ညွန်ပြကာ ထိုင်ဖို့ ဧည့်ဝတ်ပြုလေတယ်။ သိချင်တာတွေအရမ်းများနေတာကြောင့် ထိုင်တာနဲ့သူမေးဖို့ပြင်လိုက်တော့...

" ကိုယ်သိပါတယ်... မီးလောင်တဲ့ထဲမှာပါတယ်ဆိုတာ၊ အခုကတော့ အကူအညီတောင်းဖို့ပေါ့ "

" ခဏခဏ မြင်နေရတာ ခင်ဗျားလား... ဒီအခြေအနေတွေက ဘယ်လိုဆက် ဆက်ပြီး ကျွန်တော့ဆီရောက်လာတာလဲ "

" အမှန်အတိုင်းပြောရရင် ငါကဒီကနေဘယ်မှသွားလို့ရတာမဟုတ်ဘူး မင်းကိုအသံလေးနဲ့ ဆက်သွယ်ယုံကလွဲလို့ပေါ့၊ တစ်စုံတစ်ခုရဲ့ အကူအညီကြောင့်သာ တို့နှစ်ယောက်ရဲ့ရှိပြီးသား ဆက်နွယ်မှုလေးကို ပိုပြီး အသက်ဝင်သွားစေတာ "

ထိုလူပြောသမျှကို သူအလုံးစုံနားမလည်ပေမယ့် ​ငြိမ်ပြီးသာ နားထောင်လိုက်မိတယ်။

" ဒါလေးမြင်ရင် တစ်ချို့ကိစ္စတွေကို Jimin လေး ရှင်းသွားမှာပါ "

Min Jung ပြောတာကိုနားထောင်ရင်းနဲ့ပင် ပတ်ဝန်းကျင်က တရိပ်ရိပ်နဲ့ပြောင်းလဲကုန်တယ်။

FLOOR 13Where stories live. Discover now