4

611 113 5
                                    

Unicode

Jimin ကိုရှာဖို့ reception ကနေ အထွက် ဟိုတယ် ပေါ်တီကိုအောက်ကို စက်ဘီးတစ်စီးထိုးရပ်လာတာကြောင့် လှမ်းကြည့်လိုက်မိတော့...

"Jimin "

စက်ဘီးပေါ်မှာမြင်လိုက်ရတဲ့သူကြောင့် နာမည်ကို ခေါ်လိုက်မိကာပြေးသွားမိတော့တယ်။ ညနေကထက်ပင်ဖြူဖျော့နေတဲ့ပုံစံက သူ့ရဲ့စိုးရိမ်စိတ်တွေကိုပိုပြီးတိုးလာစေတယ်။

" Bae... ထိခိုက်မိတာရှိလား "

သူမေးနေရင်း တစ်ကိုယ်လုံခြုံကြည့်လိုက်တော့ မြင်လိုက်ရတဲ့ ခြေထောက်သေးသေးလေးက ရှရာတွေကမနည်းမနော။ တစ်ချို့နေရာတွေမှာသွေးလေးတွေပင်စိမ့်ထွက်နေတာကိုမြင်နေရသည်။

" ငါ အဆင်ပြေပါတယ် "

" Jimin ဘယ်လိုဖြစ်ပြီး... "

ဘေးက Joon အမေးကို Jimin က ခဏဆိုတဲ့သဘောနဲ့ ခေါင်းလေးညိတ်ပြလိုက်ကာ အနောက်က စက်ဘီးနဲ့ကောင်လေးစီလှည့်ကာ ကျေးဇူးတင်စကားပြောနေပြန်တယ်။

" ဒီအထိလိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ် မင်းသာ မကူညီရင် ငါတော်တော်ဒုက္ခရောက်မှာ "

" ကိစ္စမရှိပါဘူး။ ဒါဆို သွားလိုက်ပါအုံးမယ် "

" ဟို... နာမည်လေး "

" Samuel... Samuel Armani "

" ကျေးဇူးပါ Sam။ ငါ့နာမည်က Jimin Park ပါ "

" တွေ့ရတာဝမ်းသာပါတယ် Jimin။ မှောင်နေပြီဆိုတော့ သွားလိုက်ပါအုံးမယ်။ ကံအကြောင်းတိုက်ဆိုင်ရင်တော့ပြန်စုံကြတာပေါ့ "

အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတက်တဲ့ အီတလီသား Samuel ဆိုတဲ့ကောင်လေးနဲ့ Jimin နှုတ်ဆက်နေကြတာကို သူအလိုမကျစွာကြည့်နေမိတယ်။ သဝန်တိုနေတာလားမေးရင် ဟုတ်တယ်လို့ဖြေရမှာဘဲ။ အရပ်က ၆ပေလောက်ရှိတဲ့အပြင် ဆံပင်အညိုရောင်ဖျော့ဖျော့လေးနဲ့ မျက်လုံးလှလှလေးတွေရှိတဲ့ ခပ်ချောချောကောင်လေးတစ်ပင်မဟုတ်လား...

" Jungkook ငါလမ်းမလျောက်နိုင်တော့ဘူး "

ဘေးကခပ်တိုးတိုးအသံကြားမှသာ သူအသိဝင်လာပြီး ကိုယ်လုံးလေးကိုပွေ့ချီလိုက်တော့သည်။ သူ့ရင်ဘက်ကိုအသာမှီကာငြိမ်နေတဲ့ ကိုယ်လေးကြောင့် မေးစရာတွေကိုနောက်မှမေးဖို့သာဆုံးဖြတ်လိုက်သည်။

FLOOR 13Where stories live. Discover now