Unicode
" Jimin "
နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေရာမှ ကျယ်လောင်တဲ့ခေါ်သံ တိုးဝင်လာတော့ အလန့်တကြား အိပ်နေရာမှ ထထိုင်မိလိုက်သည်။ ဘေးကိုလှည့်ကြည့်တော့ ဘယ်သူမှမရှိတော့။
တိုးဝင်လာတဲ့ အလင်းရောင်က အခန်းတစ်ခုလုံး လင်းချင်းနေတာမို့ ဖုန်းကိုဆွဲယူကာနာရီကိုတစ်ချက်ကြည့်လိုက်မိသည်။
" Baby ရေ... ၁၁တောင်ကျော်နေတောင်ကျော်နေပြီ ထတော့လေ "
ရေချိုးခန်းထဲကထွက်လာတဲ့ Jungkook အသံကြောင့် အပျင်းကြောတစ်ချက်ဆန့်လိုက်ကာ...
" အင်း... ငါနိုးပြီ၊ ဒါနဲ့ ဟိုနှစ်ယောက်ရော "
" နေ့လည်စာသွားစားနေပြီ မနက်စာလွတ်သွားတော့ baby နိုးတာကိုမစောင့်ခိုင်းတော့တာ "
တီရှပ်ခဲအရင့်ရောင်လေးကို ခေါင်းကနေစွပ်ကာ ဝတ်နေရင်းရေချိုးခန်းထဲကထွက်လာတဲ့ Jungkook က သူ့အမေးကိုပြန်ဖြေတယ်။
" မင်းလည်း ဗိုက်ဆာနေပြီမလား၊ ငါမြန်မြန်ပြင်ဆင်လိုက်မယ် ခဏပဲစောင့် "
သူပြောပြီးချက်ချင်း ရေချိုးခန်းထဲဝင်ကာ သန့်ရှင်းရေးလုပ်ဖို့ရေချိုးခန်းထဲဝင်လာလိုက်တယ်။ အနောက်ကနေ ကပ်ကာလိုက်လာတဲ့သူကြောင့် မျက်မှောင်ကြုံ့ကာလှည့်ကြည့်မိလိုက်တော့ စပ်ဖြဲဖြဲနဲ့ရယ်ပြလာပြန်တယ်။
" ဘာလဲ "
" ကိုယ်ဗိုက်ဆာနေပြီ "
" သိတယ်... ခဏစောင့် မြန်မြန်ပြင်လိုက်မယ် "
" အစာပြေလေးတစ်ခုခုလောက် "
" ဘာကို အစာပြေ"
Jungkook ပြီတီတီမျက်နှာဘေးကြီးကြောင့် ပြောနေတဲ့စကားပါရပ်သွားသွားကာ အရှ့က ကိုယ်လုံးကြီးကို အတင်းပဲ ရေချိုးခန်းထဲကနေတွန်းထုတ်ရတော့သည်။
သူပြင်ဆင်ပြီးတာနဲ့ စားသောက်ဖို့အတွက်ထွက်လာခဲ့တယ်။ လူရှင်းတဲ့ဟိုတယ်မို့ ဓာတ်လှေကားထဲမှာသူတို့နှစ်ယောက်ထဲသာ... ဘေးနားကနေ လေလေး တစ်ချွန်ချွန်နဲ့ရပ်နေတဲ့ Jungkook ကိုဆွဲလှည့်လိုက်ပြီး ပခုံးကနေလက်နှစ်ကိုကျော်ကာ လည်ပင်းကိုသိုင်းဖက်လိုက်တယ်။
