3

625 121 7
                                    

Unicode

လေဆိပ်ကနေ ဆင်းကတည်းက မျက်နှာလေးကနွမ်းဖက်နေတာကြောင့် ဘေးကကိုယ်ကပါမနေသာတော့။ နေများမကောင်းတာလားဆိုပြီးစမ်းကြည့်ရတာလည်းအမော...

" Bae... ခေါင်းမူးလို့လား "

" ဟင်းအင်း။ အိပ်ရေးမဝသလိုနဲ့နုံးနေလားလို့ "

ဒီရက်ပိုင်းသူတို့တွေခရီးသွားတာ ရက်ဆက်သွားလို့နေမယ်။ ထိုင်းကပြန်ရောက်ပြီးနှစ်ရက်ဘဲရှိသေးတာကို အခု အီတလီကို ချက်ချင်းရောက်ချလာတာဆိုတော့ သူ့ကောင်လေးက ခရီးပန်းသွားတယ်ထင်ပါတယ်။

" အဲ့တာဆို ဟိုတယ်မှာ တစ်ရက် နှစ်ရက်လောက်နားလိုက်။ မနက်ဖြန်မှ ထွက်ကြတာပေါ့ "

" အွန်း "

ခေါင်းလေးအသာငြိမ့်ကာ ပခုံးပေါ်ခေါင်းမှီချလာတဲ့ Jiminရဲ့မျက်နှာလေးကို ငုံ့ကြည့်ကာ နှုတ်ခမ်းဖူးဖူးလေးကို တစ်ချက် ငုံနမ်းလိုက်တယ်။

" Jungkook ငါတို့ငှားထားတဲ့ကား အရှေ့ထွက်ပေါက်မှာရောက်နေပြီ။ မင်းရဲ့ ယာဉ်မောင်းလိုင်စင်ပြပြီး လက်မှတ်ထိုးလိုက်အုံး "

ခပ်လှမ်းလှမ်းမှာ ဖုန်းဆက်နေတဲ့ Joon ကရောက်လာပြီး လေဆိပ်အပြင်ကိုထွက်ဖို့ပြောလာတော့တယ်။ အနီးအနားမှာ Taehyung ကိုပင် မတွေ့တာကြောင့်...

" Taehyung ရော "

" အိမ်သာခဏ ဆိုပြီးထွက်သွားတာဘဲ ဖုန်းဆက်ပြီး ကားစီဘဲလာခိုင်းလိုက်တော့မယ် ငါတို့အရင်ထွက်နှင့်ကြတာပေါ့ "

" အိုကေ "

တစ်ယောက်ကို ကျောပိုးအိတ်တစ်လုံးစီရယ်ကလွဲရင် အပိုပစ္စည်းများများစားစား မပါတာကြောင့် ပေါ့ပေါ့ပါးပါးပင်... ဒါပေမယ့် သူကေတာ့ Jimin ရဲ့အိတ်ကိုလက်တစ်ဖက်ကဆွဲကာ တစ်ဖက်က Jimin ကို ထိန်းဖက်ထား ထားရတယ်။

လေဆိပ်အထွက်မှာ အသင့်စောင့်နေတဲ့ ကားတစ်စီးနားရောက်တော့ ကားလာပို့တဲ့ကောင်လေးစီမှာ လိုက်စင်ပြပြီး ပေးလာတဲ့ စည်းကမ်းချက်တစ်ချို့ကိုဖတ်ကာ လက်မှတ်ထိုးပေးလိုက်တော့တယ်။

" သွားလိုက်ပါအုံးမယ်။ ပျော်ရွှင်ဖွယ်ခရီးလေးဖြစ်ပါစေ "

FLOOR 13Where stories live. Discover now