12

482 100 16
                                    

Unicode

ဘုတ်~

" အ "

အနောက်ကနေ အရှိန်ပြင်းပြင်းနဲ့ဝင်တိုက်လာတာကြောင့် သူလှည့်ကြည့်မိလိုက်တော့ သူရောက်ရောက်ချင်းတွေ့ခဲ့တဲ့ Cindy နဲ့ James ဆိုတဲ့ကလေးနှစ်ယောက်။ တစ်ယောက်က အဖြူရောင်ဂါဝန်လေးကိုဝတ်ထားပြီး တစ်ယောက်ကတော့ ကြိုးသိုင်းဂျင်းဘောင်းဘီလေးကို တီရှပ်အဖြူလေးနဲ့တွဲဝတ်ထားပုံက ချစ်စဖွယ်...။ ရွှေရောင်ဆံပင်ရှည်လေးကိုနှစ်ဖက်ခွဲစီးထာတဲ့ ကလေးမလေးနဲ့ ရွှေရောင်ဆံပင်ကပ်ကပ်လေးနဲ့ကောင်လေးက မျက်လုံးပြာပြာလေးတွေနှင့်။ အမွှာလို့ပြောစရာမလိုအောင်ပင် ရုပ်လေးတွေက တစ်ပုံစံထဲဖြစ်နေတော့တယ်။

" တောင်းပန်ပါတယ်၊ ထိခိုက်သွားသေးလား... ကလေးတွေကတအားဆော့တော့မနည်းပြောနေရတယ် "

အသံကြားတော့မှသူ အသိဝင်လာတော့တယ်။ သူဘယ်လောက်တောင်ကြည့်နေလဲမသိ သူကိုတိုက်သွားတဲ့ကလေးတွေတောင် သူ့ကိုကျော်လို့ခပ်လှမ်းလှမ်းတောင်ရောက်နေပြီဖြစ်သည်။

တိုက်မိသွားတုန်းက ဘယ်ဟာနဲ့ခြစ်မိသွားလဲမသိ လက်ခုံးမှာ သွေးအနည်းငယ်စို့သွားတယ်။ ဒါကို ဘေးနားကိုရောက်လာတဲ့အမျ်ုးသမီးကမြင်တော့ ပြာပြာယာယာနဲ့...

" အမလေး... သွေးတောင်ထွက်သွားတယ်၊ တောင်းပန်ပါတယ်ရှင် "

သာမာန်မဟုတ်တဲ့အခြေအနေတစ်ခုမှာ သာမာန်မဟုတ်တဲ့လူတွေနဲ့ တွေ့စုံရတာကို အနည်းငယ်ကြောက်ရွံနေပေမယ့် သူ ထိုအမျိုးသမီးကိုပြန်ပြုံးပြလိုက်ကာ...

" ရပါတယ်... ကလေးတွေပဲကို ကိစ္စမရှိပါဘူး "

" ဒီနေ့မှရောက်တာလား အရင်ရက်တွေကမတွေ့လို့ "

ထိုအမျိုးသမီးစကားကြောင့် သူ့မှာကြောင် အ အ ရယ်သာ...

" ဟို...ဟို... ဟုတ်တယ် ဒီနေ့မှရောက်တာပါ "

" ဒီနေရာက အရမ်းနေလို့ကောင်းတာ ဒါနဲ့ ညနေလည်းကပွဲရှိသေးတယ် တက်ဖြစ်မှာမလား "

" ဒါက "

သူနားမလည်တဲ့အရာတွေကို ဆက်တိုက်ပြောနေတာကြောင့် ချက်ချင်း ဘာဖြန်ဖြေရမလဲ မသိတော့...

FLOOR 13Where stories live. Discover now