9

518 104 14
                                    

Unicode

ဒီတစ်ခေါက်တော့ အကုန်လုံး တစ်ခန်းထဲစုနေဖို့စဥ်းစားထားတာကြောင့် အခန်းကျယ်တစ်ခန်းကိုသာငှားလိုက်တော့တယ်။ ​

" 12-0001, 0002,....,0011, 0012 , 001...ဟင် "

" ဘာလို့လဲ Taehyung "

" အခန်းနံပါတ်တွေလေ 12 ပြီး 13 လာရမှာကို 14 ဖြစ်နေလို့ "

Taehyung စကားကြောင့် သူပင်ကြောင်တောင်တောင်ဖြစ်ကာ အခန်းနံပတ်တွေကိုလိုက်ကြည့်နေမိသည်။

" ဒီမှာလေ ငါတို့က အခန်း 0014 မလား ... မျက်နှာချင်းဆိုင်အခန်းတွေမှာ စုံအတန်း မအတန်းမှာ ငါတို့အခန်းက မ အတန်းရောက်နေတယ်လေ 0013 အခန်းကမရှိဘဲနဲ့ "

" ဘာလို့လဲ 13နဲ့ပတ်သက်ရင်သူတို့အယူတွေဘာတွေများရှိလို့လားမသိဘူးအံ့ဩစရာ "

အခန်းထဲရောက်တာနဲ့အထုတ်တွေဖြစ်သလိုချကာ ထိုးအိပ်နေကြတဲ့ သုံးယောက်ကို တစ်ချက်ကြည့်ပြီး Hotel ရဲ့ အကောင်းဆုံးအချက်တစ်ချက်လို့ဆိုရမယ့် လသာဆောင်လေးဘက်ကိုထွက်လာလိုက်တယ်။ နေထွက်ချိန်ဖြစ်နေတာကြောင့်မြူတွေတစ်ဖြည်းဖြည်းပါးလာကာ ပတ်ပတ်လည်မှာရှိနေတဲ့ တောင်တန်းနဲ့စိမ်းစိုနေတဲ့သစ်ပင်လေးတွေကိုမြင်နေရတယ်။

မြို့ပေါ်မှာရှိတဲ့တိုက်အမြင့်ပေါ်က ကြည့်ရတဲ့ရှုခင်းနဲ့ အခုမြင်နေရတဲ့ရှုခင်းနဲ့ကမတူ ရှုပ်ရှက်ခပ်မနေဘဲ အေးအေးချမ်းချမ်းလေးရယ်... ခပ်စိမ့်စိမ့်တိုက်ခက်လာတဲ့လေကြောင့် မျက်လုံးလေးမှိတ်ကာ လေရဲ့လက်ဆက်မှုတွေကိုခံစားနေမိတယ်။ ဘယ်လောက်တောင်အေးချမ်းနေလဲဆိုရင် သူနှုတ်ခမ်းလေးကပြုံးယောင်သမ်းသွားတဲ့အထိဘဲ...

" Jimin "

တိုက်ခက်လာတဲ့လေးညှင်းနဲ့အတူပါလာတဲ့ခေါ်သံကြောင့် မှိတ်ထားတဲ့မျက်လုံးတွေကိုအလန့်တကြားဖွင့်ကြည့်မိတယ်။ တုန်လှုပ်နေတဲ့စိတ်အစုံနဲ့ဘေးဘီဝဲယာကို လိုက်​ကြည့်ပြီး အခန်ထဲကိုသာပြေးဝင်လာမိတယ်။ ခုနကအေးချမ်းမှုလေးတောင်ဘယ်စီရောက်သွားလဲမသိ။

နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေတဲ့ Jungkook ဘေးနားကိုဝင်လှဲလိုက်ပြီး မျက်လုံးတို့ကိုတင်းနေအောင်ပိတ်ထားပြီး အိပ်ပျော်ဖို့ကြိုးစားကြည့်လိုက်တော့တယ်။

FLOOR 13Where stories live. Discover now