HelpMe!!

2.7K 57 0
                                    

အသက်ရှူကြပ်တယ်။
ပြီးတော့ လဲကျသွားတယ်။
လဲမကျခင် တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲကို ရောက်သွားတယ်ဆိုတာကို သိလိုက်တယ် ။ကျွန်မ သမီးလေးရဲ့စန္ဒယားပြိုင်ပွဲကိုသွားရမှာ အခုလို မေ့လဲသွားလို့မဖြစ်မှန်း ကျွန်မ သိပေမဲ့ မေ့လဲကျသွားခဲ့တယ်။နှာခေါင်းမှာ ကပ်နေတဲ့ အဝတ်စက ကျွန်မနှာခေါင်းကို မအုပ်ထားတော့ဘူး ။ အဲ့အနံ့ကိုရပြီးနောက် ထုံထိုင်းကာ သတိမေ့သလိုဖြစ်သွားခဲ့သည်။

ကယ်ပေးကြပါဦး... ။
ကျွန်မကို တစ်ယောက်ယောက် ပြန်ပေးဆွဲသွားပြီထင်တယ်...။

မွန်းကြပ်မူ အသက်ရှူမဝမူတွေကြား နိုးထလာရတဲ့ ကျွန်မရဲ့ခန္တာကိုယ်က ထင်ထားသလောက် မသန်မာနေခဲ့ဘူး ။ စိတ်ရှိသလို လှုပ်ရှားခွင့်မရှိအောင်
ကျွန်မရဲ့ခန္တာကိုယ်ကို တစ်စုံတစ်ခုနဲ့ ချုပ်နှောင်ထားတယ်။ ရုန်းလေ ပိုတင်းလေဖြစ်ပေမဲ့ အသိဉာဏ်မဲ့စွာ အဆက်မပြတ် ရုန်းနေမိတယ်။ ကျွန်မ သိလိုက်ပြီ ၊ တစ်စုံတစ်ယောက်က အကြောင်းအရင်း မရှိဘဲ ကျွန်မကို ဒီလိုဖမ်းထားမှာ မဟုတ်ဘူးဆိုတာကိုပေါ့ ။

ရုန်းကန်နေတာကို ရပ်တန့်လိုက်တယ်။
အဲ့ဒီ့အချိန်ကျွန်မရဲ့ခေါင်းထဲမှာ ကျွန်မသမီးလေးရဲ့စန္ဒယားပြိုင်ပွဲအကြောင်း မရှိတော့ဘူးဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ ကျွန်မ လွတ်မြောက်ဖို့ကိုတော့ ကျွန်မဘာသာ ရုန်းကန်ရမယ်မှန်းတော့ သတိရခဲ့တယ်။

ဒီအတောအတွင်း ဖြစ်ခဲ့တဲ့ရန်ငြိုးရန်စတွေကို မောဟိုက်နေတဲ့အသက်ရှူခြင်းနဲ့အတူ စတင်စဥ်းစားခဲ့တယ်။ တစ်အိမ်ကျော်က မားစ်ကပဲ သူ့ရဲ့မြက်ခင်းတွေပေါ် ကျွန်မရဲ့ခွေး အလေးလာစွန့်တဲ့အကြောင်းကို မကျေနပ်လို့ပဲ ကျွန်မကို ဖမ်းထားတာလား ။
အမှန်တော့ ဒီအကြောင်းက ကျွန်မရဲ့ခွေး လွန်တာပါ။သူ့အတွက်သီးသန့်လုပ်ပေးထားလျက်နဲ့ တစ်ကူးတစ်က တစ်အိမ်ကျော်က အိမ်ဆီသွားပြီး အလေးသွားစွန့်တယ်ဆိုတာကလေ... ဘက်မလိုက်ဘဲစဥ်းစားမယ်ဆို ကျွန်မခွေး လွန်တာ ။

မဟုတ်သေးဘူး၊ ဒီလို အကြောင်းကိစ္စသေးသေးလေးနဲ့တော့ သူကျွန်မကို အခုလို မဖမ်းထားလောက်ဘူး ။ ယုတ်စွအဆုံး သူဒေါသထွက်လွန်းလို့ လုပ်မိတယ် ဆိုရင်တောင်မှ အများဆုံး ကျွန်မရဲ့ခွေးကို သတ်ပစ်လိုက်တာမျိုးပေါ့ ။စဥ်းစားဆင်ခြင်ဉာဏ်ရှိတဲ့ မားစ်က ဒီလိုမျိုးတော့ ကျွန်မကို ဖမ်းဆီးထားမည်မဟုတ်။

သူ ပြန်လာပြီ !!Where stories live. Discover now