သူမရဲ့လက်ထဲမှာ ဆုပ်ထားသည့် ကတ်ကြေးကို ဘယ်ညာလှည့်ကာ ကြည့်နေသည်။ဒီကတ်ကြေးက သူမသမီးရဲ့ကုတင်အောက်မှ ထွက်လာခြင်းဖြစ်သည်
အခန်းသန့်ရှင်းရေးလုပ်ပေးနေစဥ်တွေ့ခဲ့ခြင်းဖြစ်သည်။ ကတ်ကြေးလက်ပေါ်ရောက်လာသောအခါမှာသူမလွတ်မချချင်တော့ ။ဒီကတ်ကြေးတစ်လက်ကတောင် သူမကို အတိတ်သို့ပြန်ခေါ်ယူနိုင်စွမ်းရှိသည်။ သူမဘေးနား သူပြန်ရောက်လာပြီဟုသော ကြောင်တောင်တောင်အတွေးများဝင်လာသည်နှင့် ပူးတွဲပါလာသည့် အတိတ်မှတ်ဉာဏ်ကို သူမ တားဆီးခြင်း မပြုနိုင် ။
ကတ်ကြေးတစ်လက် ။
သိပ်ထက်မြက်သည်။
ကတ်ကြေးကိုသာ လက်ဖြင့်သေချာစွာ ဆုပ်ကိုင်ထားနိုင်ပါလျှင်ဘယ်သောအခါမှ လွတ်ကျလိမ့်မည်မဟုတ် ။ အရာတစ်ခုခုကို ဖြတ်ခြင်း ၊ ပလတ်စတစ်အိတ်များကိုဖောက်ခြင်း ၊ ဆံပင်ညှပ်ခြင်း အဲ့အရာများတွင်ဘယ်တော့မှမလွတ်ကျဘဲ လုပ်ဆောင်နိုင်လိမ့်မည်။ဒီကတ်ကြေးကဘာလဲ?
သူမရဲ့ခေါင်းအုံးအောက်တွင်ဖွက်ထားသည့် ကတ်ကြေးကိုမြင်လိုက်သည်နှင့် သူမအဖေက သူမကိုဒေါသထွက်စွာ အော်ဟစ်မေးခဲ့သည်ကိုမှတ်မိ၏ ။
သူမအဖေက အိမ်တွင် အသွားထက်သည့်အရာများ ထားခြင်းကို ပိတ်ပင်ထားသည်။
ဒီကတ်ကြေးလေးတစ်လက် သူမခေါင်းအုံးအောက်ထဲ ရောက်နေရုံနဲ့ပင် အဖေ့အတွက်အကြီးအကျယ်သွေးပျက်စေနိုင်သည်။ ဆူပူမောင်းမဲခြင်းကိုရုတ်တရက်ရပ်လိုက်သည့်အဖေက ဘာလုပ်မလဲ အဲ့တုန်းက သိပ်သိချင်သလို သိပ်လည်းကြောက်သည်။ အဆုံးမှာတော့ အဖေက သူမရဲ့အနားကိုရောက်လာပြီး သူမရဲ့ဆံပင်တွေကိုဆောင့်ဆွဲကာ အရင်းကနေ ကတ်ကြေးဖြင့်ညှပ်ချလိုက်၏ ။ရှည်လျားပြီးထူထဲ
တဲ့သူမဆံပင်များကို တစ်ချက်တည်းညှပ်ချလိုက်ရင်းဖြင့်ကတ်ကြေးတစ်လက် မည်မျှထက်ကြောင်း သင်ကြားပေးသွားခဲ့သည်။သူမ လက်ထဲမှ ကတ်ကြေးကို သမီးလေးရဲ့ ကုတင်အောက်ထဲပြန်ထည့်ပေးလိုက်သည်။
သမီးလေးက စက္ကူအရုပ်လုပ်ခြင်းအား ဝါသနာပါသည်။ သမီးလေးက
သူမရဲ့စက္ကူတွေကို ဖြတ်ဖို့ ကတ်ကြေးတစ်ချောင်းထားထားပုံရသည်။
