မသေခဲ့ဘူး ။
သေတော့မယ်လို့ ထင်လိုက်ပေမဲ့ မသေခဲ့ဘူး ။အသက်သေတော့မတတ် အဆုတ်တွေပေါက်ထွက်တော့မတတ် ဖြစ်သွားခဲ့ပေမဲ့ နောက်ဆုံးမှာ ဂတ်စ်ငွေ့တွေ အကုန်ထွက်သွားခဲ့တာကြောင့်
မသေခဲ့ဘူး ။ ဒါပေမဲ့ သတိတော့လစ်သွားခဲ့တယ်။ပြီးတော့ အောက်စီဂျင်ပိုက်နဲ့ ကျွန်မပြန်နိုးလာခဲ့တယ်။နံရံရဲ့ထောင့်လေးမှာ စပီကာသေးသေးလေးတစ်ခုရှိတယ်။ အဲ့ဒီ့ကနေ အသံတစ်ချို့ထွက်ထွက်လာတတ်တယ်။ Beethoven ရဲ့ လက်သံတွေ ၊ Mozart ရဲ့ စီးမြောခံစားမူတွေ ထွက်လာတတ်တယ်။ဒါပေမဲ့အဲ့ဒါက အရင်တုန်းကပါ။ အခုတော့ ပြောင်မြောက်တဲ့သံစဥ်တွေအစား အသံတစ်ခုက ထွက်လာခဲ့တယ်။ ခပ်အုပ်အုပ်အသံက ယောက်ျားလား၊မိန်းမလား မသဲကွဲသလို ချိန်းခြောက်တာမျိုးလည်း ရှိမနေဘူး ။
ဒီအတိုင်းပဲ... အပေါင်းအသင်းတစ်ယောက်ကိုနှုတ်ဆက်လိုက်သလို ပေါ့ပေါ့ပါးပါး ဖြစ်နေတဲ့ အသံမျိုး ။ တစ်ဖက်က အသံဖျက်ထားပေမဲ့ပေါ့ ။တစ်ဖက်သူက ပြောတယ်။
ဒါက ကျွန်မ
ကို အပြစ်ပေးခြင်းတဲ့ ။
ချက်ချင်း ကျွန်မ
စဥ်းစားခဲ့မိတယ်။
ဘာကိုများအပြစ်ပေးတာလဲလို့ ၊
ကျွန်မရဲ့ဘာကိုများ သူက အပြစ်ပေးရတာလဲလို့လေ ။အိုး...သေချာတယ် ကျွန်မ
ဘာမှမမှားခဲ့ဘူး ။တကယ်ဘာမှမမှားခဲ့ပါဘူး ။
" ဘာလို့ငါ့ကိုမစောင့်ခဲ့တာလဲ "
ဘာကိုလဲ ဘာကိုစောင့်ရမှာလဲ ။
" မင်းငါ့ကို နည်းနည်းလေးတောင် စောင့်မပေးနေခဲ့ဘူးနော် "
ဘာတွေပြောနေတာလဲ ။
" ငါ့ဘက်ကမှားခဲ့တာတွေလည်းရှိတော့ မင်းကိုစိတ်မဆိုးဘူး ။ တကယ်မင်းကိုစိတ်မဆိုးပါဘူး "
" နာကျည်းသွားရုံလေးပါ "
" ငါမင်းကိုပြန်ယူမှာ မင်းနဲ့ငါ ပထမဆုံးစတွေ့ခဲ့တဲ့အချိန်ကအတိုင်း
ပြန်ပြုပြင်ပေးမှာ "ပြုပြင်မယ် ဘာကိုလဲ ?
သူမ ရုတ်တရက်ကြောက်ရွံ့လာတယ်။ ငိုချင်လာတယ် ။ အော်ဟစ်လိုက်ချင်တယ် ။ ဒီအသံ ဒီလို စကားပြောပုံမျိုးတွေက ကျွန်မရဲ့အသွေးထဲအသားထဲထိ စိမ့်ဝင်နေတယ်။ အရမ်းကြောက်တယ် ။