PhoneCall!!

473 25 1
                                    


ညလယ်ခေါင် ရေပန်းအောက်မှာ ထိုင်နေမိ
သည့် သူမက အိမ်မက်ရဲ့ချိန်းခြောက်မူတွေဆီကနေ အခုထိ မရုန်းထွက်နိုင်သေး။ အေးသည်ဆိုသည့်အတွေ့ကိုတောင် ခံစားမနိုင်တော့တဲ့အထိ အေးစက်နေသည်။

အိမ်မက်။

သိပ်ကို ကြောက်ဖို့ကောင်းသည့်အိမ်မက်။

ရေပန်းတွေက ရေတွေက အရှိန်ပြင်းပြင်းနဲ့သူမဆီပြုတ်ကျလာလေသလောက် သူမကတော့ ရေတွေနဲ့အတူ မျောပါသွားချင်မိသည်။ ဘေးဘက်မှာရှိနေတဲ့ Bathtube ကို ခေါင်းငဲ့ကာ ကြည့်လိုက်တော့ဖြင့် သူမ ကြက်သီးများထကာ ဆက်ပြီး မကြည့်နိုင်လေတော့။

အိမ်မက်ထဲတွင် သွေးများရှိနေသည်။ သွေးများက Bathtube ထဲတွင် ရှိနေသည်။ သူမက အဲ့ဒီ့အရာအားလုံးကို ထင်ထင်ရှားရှား မြင်နိုင်သည့် နေရာတွင်ရှိနေသည်။

" Ring...Ring....Ring...Ring..."

ဖုန်းမြည်သံက တိတ်ဆိတ်နေတဲ့ ညသန်းခေါက်ထက်တွင် ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသည်။ ဖွင့်လက်စ ရေပန်းကို မပိတ်နေတော့ဘဲ အသံမြည်နေတဲ့ ကြိုး
ဖုန်းဆီကို အမြန်ပြေးသွားခဲ့သည်။ ဖုန်းကျသွားမှာကို စိုးရိမ်နေသကဲ့သို့ ချက်ချင်းပင်မနှောင်းဘဲ ဖုန်းကို ပြေးကိုင်လိုက်သည်။တစ်ဖက်ကနေ ဘာသံမှမကြား
အသံမကြား တိတိဆိတ်နေသည်။

" ဟယ်လို "

သူမအသံတွေက သိသိသာသာကို တုန်ယင်နေသည်ဆိုတာကို သိ၏ ။

" ဟယ်လို စလင်း "

တစ်ဖက်က ရှတတ အသံကို ကြားလိုက်ရသည့်အခါ လက်ထဲရှိ ဖုန်းကို လွတ်ချလိုက်မိသည်။ သို့ပေမဲ့ စလင်းဆိုသည့် သမီးလေး
ရဲ့နာမည်ကြောင့် ဖုန်းကို အပြေးအလွှား ကိုင်ကာ နားထောင်မိခဲ့သည်။

" ဟယ်လို ဖေဖေလား "

သူမ အသံတစ်စက် ထွက်မလာမိစေဖို့ သူ့ပါးစပ်ကို သူမလက်ဖြင့် ပိတ်လိုက်ရ၏ ။ သမီးလေးရဲ့အသံ ဒါဟာသေချာပေါက် သမီးရဲ့အသံ ၊ နာရီကို ကြည့်မိတော့ ည နှစ်နာရီ ။

932022

ညလယ္ေခါင္ ေရပန္းေအာက္မွာ ထိုင္ေနမိ
သည့္ သူမက အိမ္မက္ရဲ႕ခ်ိန္းေျခာက္မူေတြဆီကေန အခုထိ မ႐ုန္းထြက္နိုင္ေသး။ ေအးသည္ဆိုသည့္အေတြ႕ကိုေတာင္ ခံစားမနိုင္ေတာ့တဲ့အထိ ေအးစက္ေနသည္။

အိမ္မက္။

သိပ္ကို ေၾကာက္ဖို႔ေကာင္းသည့္အိမ္မက္။

ေရပန္းေတြက ေရေတြက အရွိန္ျပင္းျပင္းနဲ႕သူမဆီျပဳတ္က်လာေလသေလာက္ သူမကေတာ့ ေရေတြနဲ႕အတူ ေမ်ာပါသြားခ်င္မိသည္။ ေဘးဘက္မွာရွိေနတဲ့ Bathtube ကို ေခါင္းငဲ့ကာ ၾကည့္လိုက္ေတာ့ျဖင့္ သူမ ၾကက္သီးမ်ားထကာ ဆက္ၿပီး မၾကည့္နိုင္ေလေတာ့။

အိမ္မက္ထဲတြင္ ေသြးမ်ားရွိေနသည္။ ေသြးမ်ားက Bathtube ထဲတြင္ ရွိေနသည္။ သူမက အဲ့ဒီ့အရာအားလုံးကို ထင္ထင္ရွားရွား ျမင္နိုင္သည့္ ေနရာတြင္ရွိေနသည္။

" Ring...Ring....Ring...Ring..."

ဖုန္းျမည္သံက တိတ္ဆိတ္ေနတဲ့ ညသန္းေခါက္ထက္တြင္ က်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚလာသည္။ ဖြင့္လက္စ ေရပန္းကို မပိတ္ေနေတာ့ဘဲ အသံျမည္ေနတဲ့ ႀကိဳး
ဖုန္းဆီကို အျမန္ေျပးသြားခဲ့သည္။ ဖုန္းက်သြားမွာကို စိုးရိမ္ေနသကဲ့သို႔ ခ်က္ခ်င္းပင္မႏွောင္းဘဲ ဖုန္းကို ေျပးကိုင္လိုက္သည္။တစ္ဖက္ကေန ဘာသံမွမၾကား
အသံမၾကား တိတိဆိတ္ေနသည္။

" ဟယ္လို "

သူမအသံေတြက သိသိသာသာကို တုန္ယင္ေနသည္ဆိုတာကို သိ၏ ။

" ဟယ္လို စလင္း "

တစ္ဖက္က ရွတတ အသံကို ၾကားလိုက္ရသည့္အခါ လက္ထဲရွိ ဖုန္းကို လြတ္ခ်လိဳက္မိသည္။ သို႔ေပမဲ့ စလင္းဆိုသည့္ သမီးေလး
ရဲ႕နာမည္ေၾကာင့္ ဖုန္းကို အေျပးအလႊား ကိုင္ကာ နားေထာင္မိခဲ့သည္။

" ဟယ္လို ေဖေဖလား "

သူမ အသံတစ္စက္ ထြက္မလာမိေစဖို႔ သူ႕ပါးစပ္ကို သူမလက္ျဖင့္ ပိတ္လိုက္ရ၏ ။ သမီးေလးရဲ႕အသံ ဒါဟာေသခ်ာေပါက္ သမီးရဲ႕အသံ ၊ နာရီကို ၾကည့္မိေတာ့ ည ႏွစ္နာရီ ။

932022

သူ ပြန်လာပြီ !!Where stories live. Discover now