ဂျက်ဆန်ရဲ့ကူငွေ။
ဂျက်ဆန်ရဲ့အသက်အာမခံငွေတွေ။
အခြားတိုလီမုတ်စတွေ။သူမအသက်ဆက်ရှင်ဖို့တော့
လုံလောက်လိမ့်မယ်။သောက်ကောင်ကို သူမကိုမွေးစားပေးပြီးတာဝန်ယူပေးတာကျေးဇူးတင်ပါတယ်လို့ပြောလိုက်တယ်။သူသူမကိုမွေးစားတယ်ဆိုပေမဲ့ ဒါက ဒါရာ အဲ့ဒီ့သောက်ကောင်အိမ်မှာလိုက်နေမယ်လို့တော့မဟုတ်ဘူး။
ဒါပေမဲ့ သောက်ကောင်ကပြောတယ်။
သူကဒါရာဆေးပြတ်၊မပြတ်အနီးကပ်ကြည့်ရှုရမဲ့တာဝန်ရှိတယ်တဲ့။ဒါကြောင့် ဒါရာကသူ့ဆီမှာနေရင်နေ၊မနေရင် ဒါရာ့ဆီမှာသူနေမယ်လို့ပြောတယ်။ဒါရာစိတ်ပူနေတာကို သိသည့်အလား
သောက်ကောင်က လှောင်ပြုံးပြုံးလိုက်ရင်း ဂျက်ဆန်ရဲ့အသက်အာမခံငွေတွေကို သူယူဖို့မစဥ်းစားထားပါဘူးလို့ပြောတယ်။
အမှိုက်လိုအသက်ရဲ့ငွေတွေကို သူမလိုချင်ဘူးတဲ့။အိမ်ကိုရောင်းလိုက်တယ်။ဒီအိမ်ကအစကတည်းက ကံကောင်းမနေတာ။မသိလိုက်ခင်မှာပဲ သူမအိမ်ယာမဲ့ဖြစ်သွားတယ်။မသိလိုက်ခင်မှာပဲ သူမမှာငွေတွေအများကြီးပိုင်သွားခဲ့တယ်။
သောက်ကောင်ရဲ့အိမ်ကို သူမသဘောကျတယ်။ဒီကနေ ရထားဖြတ်သွားတာကိုလည်းမြင်နိုင်သလို နစ် နေတဲ့ ရထားလှိုက်ခေါင်းကိုလည်းမြင်နိုင်တယ်။ဒါကြောင့်လည်း သောက်ကောင်ကနစ်နဲ့ဂျက်ဆန်နဲ့ဖြစ်ခဲ့တာတွေကိုမျက်မြင်သက်သေ ထွက်ဆိုနိုင်တာ။ဒီအိမ်က ကုန်းမြင့်ပိုင်းပေါ်မှာဆောက်ထားတဲ့အိမ်တစ်လုံးပဲ။မြို့ရဲ့လူနေအိမ်ခြေတွေနဲ့အတန်ငယ်ဝေးပြီး ကိုယ့်ခြံ၊ကိုယ့်ဝန်း၊ကိုယ့်စိုက်ခင်းနဲ့နေနိုင်တဲ့အိမ်။
အိမ်ကိုတစ်ပတ်ပတ်ပြပြီးတော့ သောက်ကောင်က သူမနေဖို့အခန်းတစ်ခန်းပေးတယ်။အဲ့ဒီ့အခန်းက သောက်ကောင်ရဲ့အခန်းက ဝရန်တာလိုမျိုး မီးရထားဖြတ်သွားတာတွေ နစ်ရဲ့လှိုက်ခေါင်းကိုမမြင်နိုင်ဘူး။ပြတင်းပေါက်နှစ်ချပ်ရှိပြီး နေဝင်တာကိုတော့မြင်နိုင်လိမ့်မယ်။သောက်ကောင်ရဲ့အခန်းကအရှေ့ဘက်ကိုမျက်နှာမူတယ်ဆိုရင် ဒါရာ့ရဲ့အခန်းကအနောက်ဘက်ကိုမျက်နှာမူတယ်။
