ငရဲလိုစစ်ဆေးခန်း
နေရာကလွတ်မြောက်ပြီးတဲ့နောက် သူမ ကိုယ့်ခြေထောက်ကိုယ်တောင်မသယ်ချင်တော့တဲ့အထိ မြေပေါ်ခွေယိုင်ကျသွားတယ်။တော်သေးလို့ ၊ ကံကောင်းလို့ သူမလွှတ်လာခဲ့တာ ။ လျှောက်လမ်းဘေးက နံရံကို မှီ
လိုက်ရင်း သူမကိုယ့်ဘာသာကိုယ် ထရပ်ခဲ့တယ်။ ဒါပေမဲ့ မတ်တပ်ရပ်နိုင်တဲ့အချိန်ဟာ သိပ်မကြာခဲ့ပါဘူး။ပခုံးကို အားပြင်းပြင်းနဲ့ဖြတ်တိုက်သွားတဲ့ရင်း ကြောင့် နောက်တစ်ခါ ကြမ်းပြင်နဲ့ဒူး ထပ်မိတ်ဆက်လိုက်ရပြန်တယ်။
" ရင်း... "
ဟုတ်တယ် ရင်း ။ သူလည်းဖြစ်နိုင်တာပဲ ။ ကျွန်မပြောခဲ့ဖူးပါတယ်။ ရင်းဟာ ရူးနေတဲ့မိန်းမပါလို့ ။ ဒါကြောင့် ရင်း ဟာ သူ့အပေါ်သစ္စာမရှိတဲ့ကျွန်မယောကျာ်းကို သတ်လိုက်တာလည်း ဖြစ်နိုင်တာပဲ ။အခုလည်းကြည့်လေ ။ရင်း လည်း ကျွန်မလိုပဲ သံသယတရားခံအနေနဲ့ ရဲစခန်းကို
အခေါ်ခံရတာနေမှာ။ရင်းက ကျွန်မကို လှောင်ပြောင်သည့်ပုံနဲ့
ငုံ့ကြည့်နေတယ်။ ဟုတ်ပါပြီ။ သေချာနေပါပြီ။ ဒီအကြည့်တွေ သူမသိတယ်။ သေချာပေါက် သူမခင်ပွန်းကို ရင်း သတ်လိုက်တယ်ဆိုတာ ။ သူမကိုငုံ့ကြည့်နေရင်းနဲ့မှ ရင်း ရဲ့မျက်လုံးထောင့်တွေနီရဲနေတာကို သူမသတိထားမိလိုက်တယ်။ပုံမှန်ဆို ကျွန်မကိုတွေ့တိုင်း တစ်ခုခုနစ်နာအောင်ပြောလိုက်ရမှ ကျေနပ်တတ်တဲ့ ရင်းက ဒီနေ့မှာ တိတ်ဆိတ်နေတယ်။ သူမကိုတိုက်ချတယ်၊ ငုံ့ကြည့်တယ်။ ပြီးတော့ ထွက်သွားခဲ့တယ်။နောက်တစ်ခါ မတ်တပ်ရပ်ဖို့ရန် နံရံကိုအမှီပြုလိုက်ပေမဲ့ လျင်မြန်သည့် လက်တစ်ဖက်က သူမ မတ်တပ်ရပ်လို့ရအောင် ဆွဲထူပေးပြီးသွားပြီဖြစ်သည်။
ကူညီပါရစေဆိုသော ဆောင်ပုဒ်နဲ့အညီ ကူညီပေးခဲ့သည့် ရဲအရာရှိလေးအားသူမခါးကိုကိုင်းကာ နှုတ်ဆက်ပြီးထွက်လာခဲ့လိုက်၏။
===========
ငရဲလိုစစ္ေဆးခန္း
ေနရာကလြတ္ေျမာက္ၿပီးတဲ့ေနာက္ သူမ ကိုယ့္ေျခေထာက္ကိုယ္ေတာင္မသယ္ခ်င္ေတာ့တဲ့အထိ ေျမေပၚေခြယိုင္က်သြားတယ္။ေတာ္ေသးလို႔ ၊ ကံေကာင္းလို႔ သူမလႊတ္လာခဲ့တာ ။ ေလွ်ာက္လမ္းေဘးက နံရံကို မွီ
လိုက္ရင္း သူမကိုယ့္ဘာသာကိုယ္ ထရပ္ခဲ့တယ္။ ဒါေပမဲ့ မတ္တပ္ရပ္နိုင္တဲ့အခ်ိန္ဟာ သိပ္မၾကာခဲ့ပါဘူး။ပခုံးကို အားျပင္းျပင္းနဲ႕ျဖတ္တိုက္သြားတဲ့ရင္း ေၾကာင့္ ေနာက္တစ္ခါ ၾကမ္းျပင္နဲ႕ဒူး ထပ္မိတ္ဆက္လိုက္ရျပန္တယ္။
" ရင္း... "
ဟုတ္တယ္ ရင္း ။ သူလည္းျဖစ္နိုင္တာပဲ ။ ကြၽန္မေျပာခဲ့ဖူးပါတယ္။ ရင္းဟာ ႐ူးေနတဲ့မိန္းမပါလို႔ ။ ဒါေၾကာင့္ ရင္း ဟာ သူ႕အေပၚသစၥာမရွိတဲ့ကြၽန္မေယာက်ာ္းကို သတ္လိုက္တာလည္း ျဖစ္နိုင္တာပဲ ။အခုလည္းၾကည့္ေလ ။ရင္း လည္း ကြၽန္မလိုပဲ သံသယတရားခံအေနနဲ႕ ရဲစခန္းကို
အေခၚခံရတာေနမွာ။ရင္းက ကြၽန္မကို ေလွာင္ေျပာင္သည့္ပုံနဲ႕
ငုံ႕ၾကည့္ေနတယ္။ ဟုတ္ပါၿပီ။ ေသခ်ာေနပါၿပီ။ ဒီအၾကည့္ေတြ သူမသိတယ္။ ေသခ်ာေပါက္ သူမခင္ပြန္းကို ရင္း သတ္လိုက္တယ္ဆိုတာ ။ သူမကိုငုံ႕ၾကည့္ေနရင္းနဲ႕မွ ရင္း ရဲ႕မ်က္လုံးေထာင့္ေတြနီရဲေနတာကို သူမသတိထားမိလိုက္တယ္။ပုံမွန္ဆို ကြၽန္မကိုေတြ႕တိုင္း တစ္ခုခုနစ္နာေအာင္ေျပာလိုက္ရမွ ေက်နပ္တတ္တဲ့ ရင္းက ဒီေန႕မွာ တိတ္ဆိတ္ေနတယ္။ သူမကိုတိုက္ခ်တယ္၊ ငုံ႕ၾကည့္တယ္။ ၿပီးေတာ့ ထြက္သြားခဲ့တယ္။ေနာက္တစ္ခါ မတ္တပ္ရပ္ဖို႔ရန္ နံရံကိုအမွီျပဳလိုက္ေပမဲ့ လ်င္ျမန္သည့္ လက္တစ္ဖက္က သူမ မတ္တပ္ရပ္လို႔ရေအာင္ ဆြဲထူေပးၿပီးသြားၿပီျဖစ္သည္။
ကူညီပါရေစဆိုေသာ ေဆာင္ပုဒ္နဲ႕အညီ ကူညီေပးခဲ့သည့္ ရဲအရာရွိေလးအားသူမခါးကိုကိုင္းကာ ႏႈတ္ဆက္ၿပီးထြက္လာခဲ့လိုက္၏။