( ၁ )
" အားးးး အားးးးး အားးးးးး !!! "
" ဟေ့! ဘာတွေအော်နေတာလဲ! "
" နင့်သောက်ကြောင်းလား!!! "
" အားးးးးအားးးးးအားးးးးးးအားးးးးးးး!!! "
ဆိုင်မွန် သူ့ရှေ့ရှိ ဆံပင်ကိုဆွဲဆုပ်ကာ
အော်ဟစ်နေသော ကလေးမရဲ့ လက်နှစ်ဖက်ကို ဆွဲချုပ်ထားလိုက်သည်။ ထိုလက်နှစ်ဖက်ကို ဖယ်ထုတ်လိုက်တဲ့အခါမှ ကလေးမ
ရဲ့မညီညာတဲ့ ဆံပင်ကို ထိုးထိုးထောင်ထောင် သေချာမြင်လိုက်ရသည်။" သောက်ကောင်! နင့် သောက်လက်ကိုလွတ်! မအေပေး လွတ်စမ်းလို့ Fuck!! "
ခွေးရူးတစ်ကောင်လို ကိုက်ခဲဖို့ရန် ရန်လိုနေသည့် ထိုကလေးမအား ရှင်းပြဖို့လုပ်သည့်အချ်န်မှာပဲ သူ့မျက်နှာတည့်တည့်သို့ အဆက်မပြတ် ပစ်ထွေးလာတဲ့ တံတွေးစက် တွေ။
" ထွီ! ထွီ! ထွီ! ထွီ! ဟမ် သောက်ကောင် မှတ်ပြီလား! နင်သောက်လုပ်မဟုတ်ဘဲ ဝင်ပါချင်ဦးလေ သောက်ကောင်ရဲ့ !! "
အကျင့်အရ ထောင်းခနဲထွက်လာတဲ့ဒေါသတွေကြောင့် ချုပ်ထားသည့် လက်နှစ်ဖက်ကို လွှတ်လိုက်ပြီး ကောင်မလေးရဲ့ခေါင်းသို့ အားပြင်းပြင်း လွှဲရိုက်ချလိုက်သည်မှာ မြေပေါ်သို့ တုံးခနဲလဲကျသွားရသည့်အထိပင်။
" သောက်ကောင် !! သောက်ကောင် !! သောက်ကောင် !! "
မြေကြီပေါ်မှာလဲနေရက်နဲ့ပင် အဆက်မပြတ်အော်ဟစ်နေတဲ့ ထိုကောင်မလေး၏
အကြောမှာ မပေါ့ ။ BITCH! !" ဒါရာ! ! "
ဂုတ်မှာဆွဲကိုင်ကာ မှတ်လောက်အောင် ထပ်ရိုက်ဖို့ပြင်လိုက်ပေမဲ့ အသံတစ်သံကြောင့်ရပ်တန့်လိုက်သည်။ ထွက်ပေါ်လာသော ဒေါသများမှာလည်း ဟုတ်ခနဲ ငြိမ်းသက်သွားလေ၏ ။
" ဒါရာ! "
လမ်းကြားရဲ့အပြင်ဘက်ကနေ သူတို့ဆီ
ပြေးလာသည့် နောက်ထပ် အရွယ်တူကောင်လေးတစ်ဦး။ အရောင်စုံဆိုးထားတဲ့ ဆံပင်အဖျားပိုင်းတွေကိုကြည့်ပြီး ကလေကချေဆိုတာ အလိုလိုသိနိုင်သည်။နားနှင့်နှာခေါင်းတွင် ဖောက်ထားသည့်များစွာသော အပ်ပေါက်ရာတွေ ။ ခန္တာကိုယ်သည်
အရိုးပြိုင်းပြိုင်းထွက်ကာ မေးရိုးသည်ငေါထွက်နေသည်။ သေချာတယ်၊ဒါကဆေးသမားပဲ ။
