အလောင်းကိုစိတ်ပိုင်းစစ်ဆေးပြီး လိုအပ်တဲ့သက်သေတွေယူပြီးနောက်မှာတော့ အဖေ့ရဲ့အသုဘစျာပနကိုလုပ်ခွင့်ရခဲ့တယ်။ လူနည်းနည်း နဲ့စျာပနကပြီးသွားခဲ့တယ်။ သူမရယ်၊နစ်ရယ် ပြီးတော့ ဟိုသောက်ကောင်ရယ်ကပင်တိုင်ပေါ့။သောက်ကောင်ကပြောတယ်။သူမရဲ့အတန်းပိုင်ဆရာမို့လို့ သူ့မှာလာခွင့်အပြည့်ရှိတယ်တဲ့။ကျောင်းကလူအချို့တော့လာကြပေမဲ့ သူတို့ပေးတဲ့ကူငွေတွေကိုပဲသူမမှတ်မိနေခဲ့တယ်။
စျာပနပြီးခါနီးလေးမှာ သိပ်မကြာခင်ကမှတွေ့ခဲ့တဲ့ရဲတွေနဲ့ထပ်တွေ့ခဲ့တယ်။ဒီတစ်ခါမှာတော့ သူမကိုပါစစ်မေးဖို့ခေါ်သွားရုံသာမက နစ်ကိုပါ လူသတ်သံသယရှိသူအနေနဲ့ခေါ်သွားခဲ့တယ်။
လူသတ်သံသယ?ဟုတ်တယ် လူသတ်သံသယ။ဘယ်သူ့ကိုလဲ? ဂျက်ဆန်ကိုပဲ။
နစ်? နစ်သတ်တာတဲ့ ။ ဟင်အင်း ...နစ်မသတ်ပါဘူး။သူမလုပ်ပါဘူး။ဒါသေချာတယ်။ဒါဟာလုံးဝသေချာပါတယ်။နစ်မသတ်ပါဘူး။
နစ်ဟာသူမရဲ့ရုပ်ဆိုးတဲ့မျက်နှာကို သဘောကျတယ်လို့ပြောထူးတဲ့ပထမဆုံးလူပဲ။
နစ်ဟာသူမလိုချင်တဲ့အရာတွေရှာပေးဖူးတဲ့ပထမဆုံးလူပဲ။
နစ်ဟာ သူမရဲ့မညီညာတဲ့ဆံပင်တိုတွေကိုသပ်ရပ်အောင်ညှပ်ပေးတယ်။
နစ်ဟာသူမကိုနမ်းဖူးတယ်။
နစ်နဲ့အတူတိမ်တွေပေါ်ထိရောက်ဖူးတယ်။
နစ်ဟာကျွန်မကို ဟန်ဆောင်တတ်တဲ့သူမဟုတ်ကြောင်းပထမဆုံးပြောဖူးတဲ့သူ။
နစ်မဟုတ်ပါဘူး။
ဒါပေမဲ့ သေချာတာတစ်ခုကတော့ ရဲတွေကနစ်သတ်တယ်လို့အပြည့်အဝယုံကြည်နေကြတယ်။သက်သေတွေဟာနစ်ကိုညွှန်ပြနေတယ်။
ရဲတွေပြောကြတဲ့ဇာတ်လမ်းကတော့ ဂျက်ဆန်ဟာနစ်ဆီသွားပြီးသူမကိုဆက်ပြီးဆေးမရောင်းတော့ဖို့ပြောခဲ့တယ်။ဆေးကြောင်ကြောင်နေတဲ့ နစ်က ဂျက်ဆန်ဆီကပိုက်ဆံကိုလုရင်းနဲ့မတော်တဆလူသတ်မိသွားတယ်တဲ့။ နစ်ဟာခြောက်လက်မ အလျားရှိတဲ့ခေါက်ဓားတစ်ချောင်းကိုအမြဲဆောင်ထားတတ်ပြီး ဂျက်ဆန်ရဲ့အသားထဲစိုက်သွားတဲ့ဓားသွားနဲ့တစ်ထေရာတည်းတူနေပြန်တယ်။အချိန်တွေကိုတိုက်ကြည့်ပြန်တော့လည်းတူနေတယ်။ နစ်နေနေကျလှိုက်ခေါင်းက ဂျက်ဆန်ကိုရှာတွေ့တဲ့ရေကန်နဲ့သိပ်မဝေးဘူး။အချိန်တွေကိုတွက်ကြည့်ကြတော့ ဂျက်ဆန်သေပြီးနာရီဝက်မှရေထဲပစ်ချခံရသလို လှိုဏ်ခေါင်းနဲ့ရေကန်ရဲ့သွားဖို့ကြာချိန်ကလည်းအဲ့ဒီ့လောက်ပဲ။မျက်မြင်သက်သေလည်းရှိနေသေးတယ်။သူမရဲ့ကျောင်းဆရာသောက်ကောင်ကမျက်မြင်သက်သေဖြစ်နေခဲ့တယ်။