ရထားသံလမ်းဘေးက လှိုဏ်ခေါင်းလေး
နစ်
ဆေး
အစဥ်လိုက်ဟာအစီအစဥ်တကျပဲ။
ဘာလုပ်ရမလဲဆိုတာသိနေပေမဲ့ သူမမလှုပ်နိုင်ဘူး။သုဿန်ရဲ့ကြမ်းပြင်ပေါ်
မှာလှဲနေပြီးဆေးကို မက်မက်မောမောတောင့်တနေရတယ်။ဆေး ဆေး ဆေး
နစ်ရဲ့ဆေးကို သူမအရမ်းလိုအပ်နေတယ်။
အရမ်းပဲ။ဒါရာ သူမဘာသာသူမဆေးဖြတ်ဖို့ကြိုးစားကြည့်ပေမဲ့မရ ။ နှစ်ရက်လောက်ပဲရှိသေးပေမဲ့လက်တွေ ခြေတွေတုန်ကာရူးမလိုဖြစ်သွားသည်။ထင်ယောင်ထင်မှားတွေမြင်လာသည်။မဟုတ်တဲ့အရာတွေကိုအဟုတ်ထင်လာသည်။ သေသွားတဲ့အမေကိုတောင်မြင်လိုက်ရပါသေးသည်။ တကယ်ကို မူးယစ်ဆေးဝါးတွေက သောက်ကောင်းကျိုးမပေးတာပဲ။သိပေမဲ့ သိနေပေမဲ့ သုံးချင်သည်။
နစ်? နစ် ဘယ်မှာလဲ? အဲ့မိန်းမကြီးကို ငါ့ဦးနှောက်ထဲကထုတ်ပေးပါဦး။
နစ်ရေ ...
နစ်...
သူမတစ်ကိုယ်လုံးကိုမီးစနဲ့ထိုးနေသလိုမျိုး။
သူမခန္တာကိုယ်ပေါ်ကို ပိုးကောင်တွေတရွရွတတ်လာသလိုမျိုး။
အာခေါင်တွေခြောက်ကပ်လာသည်။
ရေတစ်ပေါက်လောက်သောက်ချင်မိသည်။
ဆေးလေးတစ်ဖွာလောက်များရှိုက်လိုက်ရလျှင် ရေငတ်ပြေသွားမည်လို့တောင် ထင်နေသည်။
သုဿန်ရဲ့ကြမ်းပြင်ပေါ်လှဲနေတဲ့သူမကို ဆတ်ခနဲမ,လိုက်တာကိုခံစားမိတယ်။
နှာခေါင်းထဲစူးခနဲဝင်လာတဲ့ အနံ့ကအစထင်ယောင်ထင်မှားပဲ။
သေသွားတာကြာပြီဖြစ်တဲ့ အမေ့ရဲ့အနံ့ကိုသူမရနေတယ်။
လတ်ဆတ်တဲ့အနံ့နဲ့သံချေးနံ့ နှစ်ခုရောနေတယ်။ဒါဟာ အမေ မှာ နောက်ဆုံးသူမရခဲ့တဲ့ အမေ့ရဲ့ကိုယ်သင်းရနံ့ပဲ။ လတ်ဆတ်တဲ့အနံ့ဟာမြေကြီးနံ့၊သံချေးနံ့ကတော့ သွေးနံ့။
ဒါရာ့ရဲ့လက်မောင်းသားဟာဆစ်ခနဲ...ဒါက အကောင်ကိုက်သလိုပဲ။ ဒါပေမဲ့ ဒါဟာအကောင်မဟုတ်ဘဲ ဆေးထိုးအပ်တစ်ချောင်းဆိုတာသူမသိနေခဲ့တယ်။ ပြီးတော့ဆေးပူပူလေးတွေကသူမရဲ့သွေးကြောထဲစီးဆင်းသွားတာခံစားမိတယ်။